address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 2, 2015

အပစ်အခတ်ရပ်ရေးသာ အဓိက KNU ဗဟိုကော်မတီမှာ ဆွေးနွေးမယ်




2.2.2015

ကရင့်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဖေဖော်ဝါရီ ၃ရက်နေ့မှာကျင်းပဖို့ရှိ တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေးကိစ္စကိုပဲ အဓိက ထား ဆွေးနွေးသွားမှာဖြစ်ပြီး UNFC နဲ့ ပြန်လည်ပူးပေါင်းဖို့ကိစ္စ မဆွေးနွေးဘူး လို့ ပဒိုစောသမိန်ထောက ဇန်နဝါရီ ၃၁ရက်မှာ ပြောဆိုခဲ့ပါတယ်။

KNU အနေနဲ့ သဘောထားမကိုက်ညီလို့ ညီညွတ်သောတိုင်းရင်းသား များ ဖယ်ဒရယ်ကောင်စီ UNFC ကနေ ယာယီနှုတ်ထွက်ခဲ့ပေမယ့် ပြန်လည်ညှိနှိုင်း သွားမှာဖြစ်ပြီး လာမယ့် ဗဟိုကော်မတီအစည်းအဝေးမှာတော့ ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ ကရင့်အမျိုးသားလှုပ်ရှားမှုသမိုင်းဆိုင်ရာ ဟောပြောပွဲမှာ ပဒိုစောသမိန်ထောက ပြောဆိုခဲ့ပါတယ်။

တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့ပြဿနာက အပစ်အခတ်ရပ် စဲ ရေးပဲ အဓိကကျတာမို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေး ပွဲတွေ မစခင် ကြားကာလမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေအကြောင်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

၆၆ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်တွင်းက ကရင်လူထုကို သမိုင်းအသိပေးတဲ့ ကရင်အမျိုးသားရေးလှုပ်ရှားမှုသမိုင်း ဟောပြောပွဲကို သမိုင်းမြို့မကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ အရင်က ဒီလိုနေ့မျိုးဆို ဂျက်ဆင်လိုနေရာတွေမှာ ကရင်လူငယ်တွေ့ဆုံပွဲ၊ စာတမ်းဖတ်ပွဲ တွေ လုပ်လေ့ရှိပေမယ့် အခုလို အခက်အခဲတွေကြားက လုပ်ရတာကြောင့် ကရင်လူငယ်တွေ အားလုံးတက်သင့်တယ်လို့ ဆိုလာသူက နန်းဖောခိလာပါ။

ကရင်လူမျိုးတွေဟာ ငြိမ်းချမ်းရေးကိုနှစ်သက်ပြီး လူကြီးတွေအနေနဲ့ လူငယ် တွေ အတုယူနိုင်အောင် ကြိုးစားပြီး စည်းလုံးညီညွတ်ဖို့ တောင်းဆိုသူက စောသောကြာပါ။ လူကြီးတွေတည်ဆောက်သွားတဲ့ ငြိမ်းချမ်းရေးဟာ လူငယ် တွေ လက်ထဲရောက်မှ ပျက်ပြားသွားတာမျိုး မဖြစ်ရအောင် သမိုင်းအမှန် ကိုသိဖို့၊ အမုန်းတရားကင်းပြီး နေထိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။

Kamayut Media

No comments:

Post a Comment