address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 12, 2013

ဇွဲကပင်ဆံတော်ရှင် Cable Car စီမံကိန်း

12.9.2013

ကရင်ပြည်နယ် ဘားအံမြို့ လုမ္ဗိနီဥယျာဉ်တွင် မြန်မာ နိုင်ငံ၌ ပထမဆုံးတည်ဆောက်သွားမည့် ဇွဲကပင် ဆံတော်ရှင် Cable Car စီမံကိန်းနှင့်ပတ်သက်၍ ဦးဆောင် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့် အလှူငွေလှူဒါန်း ပွဲကို စက် တင် ဘာ ၈ရက် မွန်းလွဲ ၁ နာရီက (၃၅)လမ်း၊ (၆၆ _ ၆၇)လမ်းကြားရှိ ရှမ်းတိုင်းရင်းသားများ သာရေး နာရေးအ သင်း ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ဦးဆောင်ဆရာတော်များဖြစ်ကြသည့် ဇွဲကပင်တောင် ဆရာတော် ဦးကဝိဓဇ၊ ကမ္ဘာ့ သာသနာပြု မဟာသန္တိသုခကျောင်းတော်ကြီးမူလပဓာနနာယကပီနန်ဆရာတော် ဦးပညာဝံသ၊ သာသနာ့ဇေ ယျမင်္ဂလာ ပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆရာတော် ဦးပညိန္ဒတို့အမှူးပြုသော သံဃာတော်များ၊ အသင်း ဥက္ကဌ ဦးစိုင်းပန်း ဆိုင်နှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ စီမံကိန်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။ ဦးဆောင်ဆရာတော်များမှ စီမံကိန်းနှင့် ပတ်သက်၍ ဩဝါဒပေးရှင်း လင်းမိန့်ကြားခဲ့ပြီး အလှူရှင် ငါးဦးက အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါ စီမံကိန်းကိုမလေးရှားနိုင်ငံ SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာ စတင်အကောင် အထည်ဖော်နေပြီဖြစ်ပြီး Cable Car သည် လူ ၄၀ ထိ စီးနင်းနိုင်မည် ဖြစ်သည်။ Cable ကြိုးသည် အချင်း ၃၈ မီလီမီတာရှိပြီး သက်တမ်း (၁၀) နှစ်မှ (၁၅) နှစ်ထိ ခံနိုင်အားရှိသည်။လိုအပ်သည့် အစိတ်အပိုင်း များကိုဆွစ်ဇာလန်နှင့် ဩစတြေးလျနိုင်ငံ တို့မှ မှာယူခြင်းဖြစ်ပြီး မလေးရှားမှ ပညာရှင်များနှင့် မြန်မာ အင်ဂျင် နီယား များ ပူးပေါင်းကာ နိုင်ငံတကာ အဆင့်မီ တည်ဆောက်နေခြင်း ဖြစ်သည်။

ဘုရားဖူးလာ ပြည်သူများနှင့် နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် သက်သောင့်သက်သာ တက်ရောက်ဖူးမြော် နိုင် ကြစေရန် အတွက် ဇွဲကပင်တောင်ဆံတော်ရှင် တောင်ခြေမှ စေတီတော်ရင်ပြင်အထိ မီတာ ၁၆၅၀ အား Cable Car တပ်ဆင်နေခြင်းဖြစ်ကာ ခန့်မှန်း ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းဖြစ်မြောက်ရေး အတွက် ဇွဲကပင်တောင်ဆရာတော်၊ ပီနန်ဆရာတော်၊ သုံးထပ်ကျောင်း ဆရာတော် တို့က ဦးဆောင်ကာ စေတနာရှင်များ၏ အလှူငွေများ ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လှူဒါန်း လိုသူများသည် ဦးယဉ်ထွေးဆွေ ဖုန်း-၀၉-၄၃၁၁၁၁၁၈၊ ဦးအောင် မောင်း ဖုန်း-၀၉-၅၆၆၁၀၁၂ တို့သို့ ဆက်သွယ် လှူဒါန်း နိုင်ပြီး မန္တလေး မြို့မှ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဘဦး(မန်း)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

1 comment:

  1. ဇွဲကပင်ဆံတော်ရှင် Cable car စီမံကိန်းအတွက် နိုင်ငံရပ်ခြားအထိ အလှူငွေကောက်ခံခွင့် ပြုထားပါသလား။
    တာဝန်ယူကောက်ခံသူတွေရဲ့ ဖုံးနံပါတ်များ ဆက်သွယ်ရန်လိပ်စာများကို ဖြတ်ပိုင်းစာရွက်ပေါ်မှာ ဖေါ်ပြသင့်ပါတယ်။

    ReplyDelete