address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 17, 2013

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အောင်မြင်ရန် စစ်တပ်သဘောထားကြီးသင့်ဟု ABSDF ဥက္ကဋ္ဌပြော

17.9.2013
 
အပစ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရန် အင်အားကြီးသူဘက်မှ ပိုမိုတာဝန်ရှိပြီး သဘောထားကြီး သင့် သည်ဟု လတ်တလောဖြစ်ပေါ်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIO နှင့် အစိုးရတပ်တို့ တိုက်ပွဲများဖြစ်ပေါ်နေသည့် အခြေအနေကို ရည်ညွှန်းကာ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကပြော ဆိုလိုက်သည်။

“အပစ်အခတ်ရပ်စဲရေးကိစ္စဟာ အင်အားကြီးသူဘက်က ပိုမိုတာဝန်ရှိပြီး သဘောထားကြီးမှသာ ဖြေရှင်းနိုင်မယ်လို့ ယူဆတယ်။ အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို ပထမအဆင့်အနေနဲ့ တာဝန်ယူ၊ တာဝန်ခံမှုရှိရှိနဲ့ ပထမ ဦး စားပေး ဆောင်ရွက်သင့်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ပထမအဆင့် ယုံကြည်မှု တည်ဆောက်ခြင်းပြီးမြောက်ပြီးနောက် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ကိုယ် တိုင်  ကိုယ်ကျပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ဒုတိယအဆင့်အဖြစ် တက်လှမ်း ဆောင်ရွက်သင့်သည်ဟု လည်း ရဲဘော်သံခဲက အကြံပြုသည်။

အပစ်အခတ် ရပ်စဲရေးအစိုးရနှင့် ဆွေးနွေးလျက်ရှိသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်ဖွဲ့ဝင်များ အခြေချလှုပ်ရှားလျက်ရှိသည့် KIO ထိန်းချုပ်ရာဒေသအတွင်း အစိုးရတပ်နှင့် KIO တပ်ဖွဲ့ဝင်တို့ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သေးသည်။

ထိုအခြေအနေများကို ဖြေရှင်းနိုင်ရန် တန်းတူညီမျှသည့် နိုင်ငံရေးဆွေးနွေးပွဲများ အဓိကကျသည်ဟု အစိုးရ ကိုယ်စား လှယ် များနှင့် အပစ်ရပ်ဆွေးနွေးပွဲများတွင် တင်ပြခဲ့သည်ဟုလည်း ရဲဘော်သံခဲက ဆိုသည်။

"ABSDF ၏ တင်ပြချက်များသည် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ အချက်တွေ ဖြစ်တယ်ဆိုတာ ခိုင်ခိုင် မာမာ ယုံကြည်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၃၀ရက် ကချင်ပြည်နယ် မချမ်းဘောမြို့နယ်အတွင်း အင်ခန်ဂါးကျေးရွာတိုက်ပွဲတွင် လက်နက်ငယ် ဒဏ် ရာဖြင့် ပျောက်ဆုံးသွားသည့် အရာရှိကို KIO တပ်ရင်းတစ်ခုမှ ရက်စက်စွာ သတ်ဖြတ်ကြောင်း စက်တင်ဘာလ ၁၄ ရက်စွဲဖြင့် အစိုးရထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“ဖမ်းဆီးထားသောအရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျူးလွန်သူ ကေအိုင်အေ (ကချင်) လက် နက်ကိုင်အဖွဲ့တပ်ရင်း (၇) မှ တပ်စုမှူး တန်ခမ်နှင့် အပေါင်းပါ ၂၀ ခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင် ရွက်နိုင်ရေး မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိ” ဟု ကြေညာချက်တွင်
ဖော်ပြ ထားသည်။

Mizzima

No comments:

Post a Comment