address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 12, 2013

မြ၀တီနယ်စပ်မှ ငါးလအတွင်း စက်သုံးဆီ ဒေါ်လာ ၁ ဒသမ၂ သန်းကျော်ဖိုး ကုန်သွယ်ခဲ့

 
12.9.2013

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်း မှ ပြည်တွင်းဈေးကွက်သို့ စက်သုံးဆီ တင်သွင်းမှုတွင် ဘဏ္ဍာနှစ်သစ်၏ ငါးလတာ ကာလအတွင်း ၁ ဒသမ ၂ သန်းကျော် ဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

ဇူလိုင် ၂၈ ရက်မှစ၍ သောင်ရင်းမြစ်ရေ မြင့်တက်ခဲ့ခြင်းကြောင့် မြ၀တီမြို့နှင့် ပတ်ဝန်းကျင်ဒေသများ ရေလွှမ်းမိုးမှုကို ဆိုးရွားစွာ ခံကြရကာ သြဂုတ်လ ပထမပတ်ထိ ကုန်သွယ်မှု လုပ်ငန်းများ ရပ်နားခဲ့ရကြောင်း။ သို့ဖြစ်၍ ဘဏ္ဍာနှစ် သစ်၏ ငါးလတာ ကာလအတွင်း သြဂုတ်လသည် စက်သုံးဆီတင်သွင်းမှု အနည်းဆုံး ဖြစ်ခဲ့သည်ဟု ဆိုသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အစ ဧပြီလအတွင်း၌ ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းမှုမှာ ၄၁၆ တန်၊ တန်ဖိုး အာြး ဖင့် ဒေါ်လာ ၀ ဒသမ ၄၇၆ သန်း တင်သွင်းခဲ့သော်လည်း ဒုတိယလဖြစ်သော မေလတွင် ၂၁၂ ဒသမ ၃၄၈ တန်၊ တန်ဖိုး အားဖြင့် ဒေါ်လာ ၀ ဒသမ ၂၃၄ သန်းဖိုးသာ တင်သွင်းနိုင်ခဲ့၍ ပထမလထက် ၂၀၃ ဒသမ ၆၅၂ တန်၊ တန်ဖိုး အားဖြင့် ဒေါ်လာ ၀ ဒသမ ၂၂၃ သန်း လျော့ကျခဲ့ပြီး တတိယလဖြစ်သော ဇွန်လတွင် အနည်းငယ် မြင့်တက်လာခဲ့ကာ ၂၈၇ ဒသမ ၂၁ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၀ ဒသမ ၃၁၄၂၈၆၅ သန်း။ ဇူလိုင်တွင် ၂၁၆ တန် တင်သွင်းခဲ့ပြီး၊ တန် ဖိုး အားဖြင့် ဒေါ်လာ ၀ ဒသမ ၂၃၁၈၈၄ သန်း။ ပဉ္စမလဖြစ်သော သြဂုတ်လတွင် ၁၉၄ တန် တင်သွင်းခဲ့ကာ တန်ဖိုး အားဖြင့် ဒေါ်လာ ၀ ဒသမ၂၁၈ သန်းကျော် ကုန်သွယ်နိုင်ခဲ့ပြီး ငါးလအတွင်း လျော့နည်းဆုံးဖြစ်ကြောင်း သိရသည်။

မြ၀တီနယ်စပ်မှ စက်သုံးဆီများ တင်သွင်းမှုတွင် ဇုန်ရှောင် ကွင်းလမ်းများမှတစ် ဆင့် ဒေသသုံးထက် ကျော်လွန် ကာ ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှု များပြားနေခြင်းကြောင့်လည်း တရားဝင်တင်သွင်းနေသည့် လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်မှု မရှိ၍ သွင်းကုန်ကုန်သွယ်မှုတွင် လျော့ကျခဲ့ဖွယ် ရှိသည်ဟု နယ်စပ်ကုန်သည်များက သုံးသပ်ကြသည်။

eleven

No comments:

Post a Comment