address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, September 25, 2013

အောက်တိုဘာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးပွဲတွင် အဖွဲ့အားလုံး မပါဝင်ပါက အပစ်ရပ်ပြီးသည့် အဖွဲ့များပါ ပါဝင်ဖွယ် မရှိဟုဆို


25.9.2013

လာမည့် အောက်တိုဘာလအတွင်း ပြုလုပ်မည်ဟု အစိုးရဘက်က ပြောကြားနေသော နိုင်ငံလုံးဆိုင်ရာ အပစ်အခ တ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး မပါဝင်ပါက အပစ်ရပ်ပြီးသည့် အဖွဲ့ များလည်း ပါဝင်လက်မှတ် ရေးထိုးဖွယ် မရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။


တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော တိုက်ပွဲများမှာ အဓိကအားဖြင့် နိုင်ငံရေး ပြဿနာသာဖြစ်ပြီး အပစ်အခတ် ရပ်စဲ လိုက် ရုံနှင့် ပြီးဆုံးသွားမည် မဟုတ်ကြောင်း၊ ၎င်းတို့ လိုချင်သည်မှာ အဓိက နိုင်ငံရေး ဆွေးနွေးပွဲသာဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား အဖွဲ့အားလုံး မပါဝင်ပါက အဓိပ္ပာယ် မရှိနိုင်သည့်အတွက် ၎င်းတို့အဖွဲ့ အနေဖြင့်လည်း ပါဝင်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီးဖြစ် သည့် ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး (၁)ဗိုလ်မှူးကြီး စောလွင်က ပြောကြားသည်။

"ကျွန်တော်တို့အဖွဲ့ အနေနဲ့ကတော့ အခြေခံ စဉ်းစားတာ နှစ်ချက်ရှိပါတယ်။ တစ်ခုကတော့ ဒီအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကြီးမှာ အဖွဲ့အားလုံးပါဖို့ လိုပါတယ်။ တစ်ဖွဲ့တလေ ကျန်တာကျန်ပါစေ။ နောက်မှထိုးခိုင်းမယ်။ ရှိတဲ့သူ ထိုးပါဆိုရင်တော့ ကျွန်တော်တို့ ဆန့်ကျင်တယ်။ ဥပမာ တစ်ခုပြောရမယ် ဆိုရင်တော့ KIO မပါရင် ကျွန်တော်တို့လည်း ပါမှာမဟုတ်ဘူး။ နောက်တစ်ချက်က လက်နက်ကိုင် တော်လှန်ရေး လုပ်တာဟာ နိုင်ငံရေး ပြဿ နာကြောင့် ဖြစ် တယ်။ နိုင် ငံရေး ပြဿနာကို ပစ်ပယ်ပြီး အပစ်အခတ် ရပ်စဲရေးပဲ လုပ်လိုက်ကြ။ နောက်မှ ကြည့်လုပ်ပါ့မယ် ဆိုရင်တော့ ကျွန်တော်တို့ မပါနိုင်ပါဘူး" ဟု ဗိုလ်မှူးကြီး စောလွင်က ပြောကြားသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ကိုယ်တိုင်လက်မှတ် ရေးထိုး ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ စီစဉ်နေကြောင်း သိရပြီး ကာချုပ်ကိုယ်တိုင် လက် မှတ်ရေးထိုး ပါကလည်း ၎င်းတို့အနေဖြင့် မယုံကြည်နိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တပ် မတော်ရေး ရာ ကိစ္စများကို ကာချုပ်ကသာ လုပ်ခွင့်ရှိသည်ဆိုသည့် အချက်နှင့် လိုအပ်ပါက ကာချုပ်တစ်ဦးတည်း၏ သဘောထားနှင့် နိုင် ငံတော်အာဏာကို သိမ်းခွင့်ရှိသော အချက်များကို စွန့်လွှတ်မှသာ ယုံကြည်နိုင်မည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစောလွ င် က ဆိုသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ကတည်းက ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တိုက်ပွဲအကြိမ် ၁၀၀ ကျော်အထိ ထပ်မံဖြစ်ပွားခဲ့ခြင်း၊ ယခု စက်တင် ဘာ နောက်ဆုံးပတ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်းများကြောင့် အောက်တိုဘာ ဆွေးနွေးပွဲမှာ ဖြစ်ရန်ပင် မသေချာနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။

"အခုထိ "၀" ကိစ္စတွေ၊ မိုင်းလားကိစ္စတွေ မရှင်းနိုင်သေးဘူး။ SSA ကိုလည်း မနေ့တစ်နေ့ကအထိ လိုက်တိုက်နေ တုန်း ပဲလေ။ အဲ ဒီတော့ အောက်တိုဘာမှာ လုပ်မယ့်ကိစ္စက စက်တင်ဘာအထိ မရှင်းနိုင်သေးဘူးဆိုတော့ စဉ်းစားကြည့်လေ" ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

"အပစ်အခတ် ရပ်တယ်ဆိုတာက ၁၅ ဖွဲ့လောက်ရပ်ပြီး တစ်ဖွဲ့က မရပ်ဘူးဆိုရင်လည်း ပြည်တွင်းစစ်ဟာ ပြည်တွင်း စစ်ပဲလေ။ ပြီးရင် တိုက်ပွဲတွေက ပြန်ပြီးတော့ ကျယ်ပြန့်လာဦးမှာပဲ။ အားလုံးရပ်ရင်တော့ အကောင်းဆုံးပဲလေ။ အား လုံးမပါဘူး ဆိုရင်တော့ စဉ်းစားရမှာပေါ့" ဟု ရှမ်းပြည်တိုးတက်ရေး ပါတီနာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်က ပြော ကြား သည်။

၁၉၆၃ ခုနှစ်က ဗိုလ်ချုပ်နေ၀င်းနှင့် အပစ်အခတ် ရပ်စဲစဉ်ကလည်း ၎င်းပါဝင်ခဲ့ကြောင်း၊ ၁၉၉၀ နောက်ပိုင်း ဗိုလ်ချုပ်ခ င် ညွန့်နှင့် အပစ်အခတ် ရပ်စဲစဉ်ကလည်း ၎င်းပါဝင်ကြောင်း၊ ယခုအစိုးရ လက်ထက်လည်း ၎င်းပင်ပါဝင်နေရကြောင်း၊ သို့သော် ယခုအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ယင်းအချက်ကို ကြည့်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးအပေါ် ယုံကြည်မှုကို သိရှိနိုင်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်က ပြောကြားသည်။

အောက်တိုဘာ လက်မှတ်ရေးထိုးပွဲတွင် အဓိက လက်မှတ်မရေးထိုးနိုင်သည့် အဖွဲ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဖြစ်ပြီး ၎င်းတို့အဖွဲ့ ပါဝင်လာနိုင်ရန် အောက်တိုဘာ ပထမပတ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment