address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 30, 2013

တရားရုံးများ၏ တရားစီရင်ရေး မယုံသဖြင့် အယူခံမ၀င် ဟု ဒေါ်နော်အုန်းလှပြော

30.9.2013
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ။ ။မြန်မာ နိုင်ငံရှိ တရားရုံးများ၏ တရားစီ ရင်ရေး ကို အယုံအကြည်မရှိသော ကြောင့် အယူ ခံလုံးဝဝင်မည်မဟုတ် ဟု ဒေါ်နော်အုန်းလှကပြောကြောင်း ၎င်း၏ရှေ့နေ ဦးရောဘတ် ဆန်း အောင်မှ တစ်ဆင့် သိရ သည်။


တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်နှင့် ဒေါ် နော်အုန်းလှ ကွန်ရက်အဖွဲ့ဝင်တို့ သည် စက်တင်ဘာ ၂၈ ရက်က ဒေါ်နော်အုန်းလှ အယူခံဝင်မည့် ကိစ္စနှင့်ပတ်သက်၍ ယင်းအား မန္တလေးအကျဉ်းထောင်တွင် သွား ရောက်ခဲ့စဉ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒေါ်နော်အုန်းလှက အယူ ခံမတက်လိုဘူးလို့ ပြောခဲ့တယ်။ ၂၀၀၉ ခုနှစ်တုန်းကလဲ ဒီလိုပဲ တစ်ကြိမ်ကြုံတုန်းက အယူခံဝင် တာ ဘာမှမထူးခြားဘူး။ တရား ရုံးတွေကို ယုံကြည်ချက်မရှိဘူး။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ တ ရားစီရင်ရေးစနစ်ကို မပြောင်းသ ရွေ့ သူအယူခံဝင်မှာမဟုတ်ဘူးလို့ ပြောတယ်။ အယူခံဝင်ဖို့အတွက် ကျွန်တော်အမျိုးမျိုးပြောပေမယ့် သူလက် မခံပါဘူး''ဟု တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်ဆန်း အောင်က ပြောသည်။

အပြစ်မရှိဘဲနှင့် ဖမ်းဆီးအ မှုဆင်ခြင်း၊ တရားရုံးတွင်အမှုစစ် စဉ်က သက်သေခံချက်များပြော သည့်အတိုင်း မှတ်တမ်းမ တင် ဘဲ ပြစ်မှုဖြစ်အောင် မှတ်တမ်းတင် ခြင်း၊ အမှုအားစစ်ဆေးသည့်အ ခါတွင်လည်း ဥပဒေနှင့် အညီ လုပ် ဆောင်ခြင်း မရှိဘဲ စစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးပြီးနှစ်ရက် အကြာ တွင် အမိန့်ချမှတ်လိုက်ခြင်း၊ ပြစ် ဒဏ်ချမှတ်ရာ တွင် လည်း ရိုး ရိုး ထောင်ဒဏ် သာ ချမှတ်ရသည့်ပုဒ် မအား အလုပ်နှင့်ထောင်ဒဏ်ချ မှတ်ခဲ့ခြင်း စသည့်အချက်များ ကြောင့် ၎င်းအယူခံ မဝင်ရခြင်း ဖြစ်ကြောင်း ဒေါ်နော်အုန်းလှ က ပြောသည်ဟု ဦးရောဘတ်ဆန်း အောင်မှ တစ်ဆင့်ပြောချက်အ ရ သိရသည်။

ဒေါ်နော်အုန်းလှသည် ၎င်း အား မုံရွာမြို့နယ်တရားရုံးမှ အ လုပ်နှင့်ထောင် ဒဏ် နှစ်နှစ် ချမှတ် လိုက် သည့်နေ့မှစ၍ တ ရား စီရင် ရေးအား မကျေနပ်၍ ၁၅ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ပြီး မုံရွာထောင် မှ မန္တလေးထောင် သို့ပြောင်းပြီး သုံးရက် အကြာတွင် သပိတ်လှန် ခဲ့ကြောင်း ဒေါ်နော်အုန်းလှ ကွန် ရက်အဖွဲ့ဝင်များက ပြောသည်။

ကာယကံရှင်မှ ယင်းသို့အ ယူခံဝင်ရန် ငြင်းဆိုနေသည့်အ တွက် ကာယကံရှင်မှရှေ့နေလွှဲစာ မပေးသည့်အတွက်ကြောင့် အယူ ခံဝင်ရန်အတွက် ရှေ့ဆက်လုပ် ဆောင်၍မရကြောင်း၊ သို့သော် ပုဒ်မ၅၀၅(ခ)သည် ရိုးရိုးထောင် ဒဏ်သာချ မှတ် ရသော ပုဒ် မဖြစ် သောကြောင့် စစ်ကိုင်းတိုင်းဒေသ ကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့တွင် တာ ဝန် ရှိကြောင်း ဦးရောဘတ်ဆန်း အောင်က ပြောသည်။

ဦးရောဘတ်ဆန်းအောင် က ''နိုင်ငံရေးမှုတွေနဲ့ပတ်သက် လာရင် တရားရုံးတွေက ပြစ်ဒဏ် ပေးဖို့ပဲနားလည်တဲ့ အနေအ ထား ရှိတော့ သူ့အနေနဲ့ အယူခံဝင်မှာ မဟုတ်ဘူးပြောတယ်။ သက်ဆိုင် ရာကာယကံရှင်ကမတင်လဲ ခရိုင် တရားရုံးမှာ အမှုပြင်ဆင်ပြီးလုပ် ရမယ့်တာဝန်ရှိတယ်''ဟု ပြော သည်။

  

No comments:

Post a Comment