address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 26, 2013

တောင်တက်ယာဉ် အသင်း၏ ကမ်းလှမ်းမှုအား ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က လက်မခံဟုဆို


26.9.2013

ရန်ကုန် ၊ စက်တင်ဘာ ၂၄။ ။ ကျိုက် ထီးရိုးမော်တော်ယာဉ်အသင်းက ယာဉ်လိုင်းပြေးဆွဲခွင့်ရရှိရေးကြိုး ပမ်းနေသည့် ကရင်စာပေနှင့် ယဉ် ကျေးမှုအဖွဲ့အား ကနဦးထောက် ပံ့ငွေကျပ်သိန်း ၂၅၀ နှင့် ယာဉ်လိုင်း တည်ရှိနေသည့်ကာလ ပတ် လုံး နှစ်စဉ်ကျပ်သိန်း ၁၀၀ ထောက် ပံ့ပေးမည့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ ခြင်းကို လက်မခံခဲ့ကြောင်း ကျိုက် ထိုမြို့နယ် ကရင် စာပေနှင့်ယဉ် ကျေးမှုရုံးမှ သိရသည်။


မွန်ပြည်နယ်ကျိုက်ထိုမြို့ နယ်ရှိကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းက ရေရှည်ရန်ပုံငွေရရှိ ရေးအတွက်ကျိုက်ထီးရိုးတောင်  တက် ယာဉ်လိုင်းတွင် ပြေးဆွဲခွင့် ရရှိရေး အပြင်းအထန်ကြိုး ပမ်းနေ ခြင်းဖြစ်ပြီး ထို ယာဉ်ဝင်ခွင့်တောင်း ဆိုနေမှုကို ရပ် တန့်ပေးရန်အတွက် လက်ရှိမော်တော်ယာဉ်အသင်း ကော်မတီဝင်က ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကမ်းလှမ်းမှုကို စက် တင်ဘာ ၂၂ရက်က ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မှ အတွင်းရေးမှူးက ပြောသည်။

ကရင်စာပေနှင့်ယဉ်ကျေး မှုအဖွဲ့မှ အတွင်းရေးမှူးက''ကင် ပွန်းစခန်းမှာ ခေါ်တွေ့တာမဟုတ် ပါဘူး။ ကျိုက်ထိုမြို့ပေါ် ကို ခေါ် တွေ့တာပါ။ ယာဉ်လိုင်းမှာဝင်မ ဆွဲပါနဲ့။ ဒီကရင်စာပေနှင့်ယဉ် ကျေးမှုအဖွဲ့အတွက် လက်ရှိသိန်း ၂၅၀ ပေး ပါ မယ်။ နှစ်စဉ်သိန်း ၁၀၀ ထောက်ပံ့ပေးမယ်။ အဲဒီသိန်း ၁၀၀ က ယာဉ်လိုင်းမပျက်သမျှထောက် ပံ့ပေးမယ်ဆိုပြီး လက် ရှိမော်တော် ယာဉ်အသင်းကို စီမံခန့်ခွဲနေတဲ့ ကော်မတီဝင်၂၁ဦးက ကမ်းလှမ်း တာပါ''ဟု ပြောသည်။

သို့သော် ယခုကဲ့သို့ ကမ်း လှမ်းမှုကို ကျိုက်ထိုမြို့နယ် ကရင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က လက် မခံဘဲယင်းတို့တောင်းဆို ထား သည့် ကျိုက်ထီးရိုးတောင်တက် ယာဉ်အသင်းတွင် ယာဉ်ငါးစီးပြေး ဆွဲခွင့်ရရှိရေးကိုသာ ဆက်လက် တောင်းဆိုသွား မည်ဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်၍ ကျိုက် ထီးရိုးတောင်တက်ယာဉ်အသင်း၊ ကော်မတီအတွင်းရေးမှူး ၂၁ဦး ကို မေးမြန်းရာတွင် ယခု ကရင်စာ ပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို ငွေကြေး ဖြင့် ယာဉ်လိုင်းဝင်ခွင့်အတွက် မ ကြိုးပမ်းရေးတား ဆီးမှု ကို မပြုလုပ် ခဲ့ကြောင်း ငြင်းဆိုသည်။

အတွင်းရေးမှူးဦးမျိုးမြင့် က ''ကရင်စာပေအဖွဲ့ကို ခေါ်ယူ ညှိနှိုင်းတာမဟုတ်ပါဘူး။ ကျွန် တော်တို့ငွေယူပေးဖို့ သူတို့ဆီ ကို နှစ်ခါတော့ သွားညှိနှိုင်းပါတယ်။ ဒီ သိန်း၂၅ဝပေးမယ်ဆိုတာ ကော် မတီအတည်ပြုမှပါ။ လတ်တလော ဘာညှိနှိုင်းမှု မှမရှိပါဘူး''ဟု ပြော သည်။ကရင်စာပေနှင့် ယဉ်ကျေး မှုအဖွဲ့မှ အတွင်းရေးမှူးက ''အ ခု ကျွန်တော်တို့က ကရင်စာပေနဲ့ ယဉ်ကျေးမှုအတွက် ရေရှည်တည် တံ့မယ့် ရန်ပုံငွေကို ရှာဖွေနေတာ ပါ။ ယာဉ်ဆွဲခွင့်ကသာ ရေရှည်ရန် ပုံငွေဖြစ်မှာမို့ ပါ''ဟု ပြောသည်။

Yangon Media Group

No comments:

Post a Comment