12.9.2013
တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတစ်ခု ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ လေ့လာသုံး သပ်ရေး ကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် NBF ပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များလည
အဆိုပါ ပြုလုပ်ပြီးသည့် အစည်းအဝေးများအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် NBF က ပြင်ဆင်လိုသော အချက်များကို မူကြမ်းအနေဖြင့် ရရှိထားပြီး ဖြစ်ကြောင်းနှင့် လာမည့်အစည်းအဝေးတွင် အချောသတ်နိုင်ရန် ကြိုးစားမည်ဟု NBF အ ဖွဲ့ဝင် ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။
"အခု ကျွန်တော်တို့ ရေးဆွဲထားတဲ့ မူကြမ်းကို ပညာရှင်တွေထံ အသုံးအနှုန်းကအစ လိုအပ်တာတွေ လေ့လာနိုင်ဖို့ ပေး ထားတယ်။ ပြီးရင်တော့ နောက်တစ်ခေါက် အစည်းအဝေးထိုင်ပြီး အချောသတ်နိုင်အောင် ကြိုးစားမယ်။
လွှတ်တော်က လေ့လာသုံးသပ်ရေး ကော်မတီကလည်း ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် အစီရင်ခံစာ တင်ရမှာဆိုတော့ အ စည်းအဝေးက မကြာခင်မှာတော့ ခေါ်ဖြစ်မှာပါ" ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။
အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အချောသတ်ပြီးပါက လွှတ်တော်တွင်းတွင်သာမက လွှတ်တော်ပြင်ပ လှုပ်ရှား မှုများတွင်ပါ NBF မူတစ်ခုအနေဖြင့် ကိုင်စွဲသွားမည်ဟုလည်း ၎င်းကပြောကြားသည်။
"လွှတ်တော်ပြင်ပမှာတော့ တိုင်းရင်းသား ညီလာခံတစ်ခု လုပ်နိုင်ဖို့ ညီနောင်ပါတီတွေ ဘက်ကရော၊ အပစ်အခတ် ရပ် ထားတဲ့ အဖွဲ့တွေကရော ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ထောင်စုညီလာခံ မဟုတ်ဘဲနဲ့ အဲဒီမတိုင် ခင် ပြည်တွင်းမှာ တိုင်းရင်းသားတွေ သီးသန့်ညီလာခံတစ်ရပ်ခေါ်ဖို့
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း တစ်ခု ရေးဆွဲ ရန် ကော်မတီ ဖွဲ့စည်းထားပြီး နိုဝင်ဘာလမကုန်မီ အပြီးရေးဆွဲ သွားမည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ တစ်ခုကို ဖွဲ့စည်းထားပြီး အဆို ပါ ကော်မတီမှ တစ်ပတ်တစ်ကြိမ် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ရရှိလာမည့် ရလဒ် များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီထံ ပေးပို့သွားမည် ဖြစ်သည်။
ညီနောင်တိုင်းရင်းသားပါတီမျ
Eleven Media Group
No comments:
Post a Comment