address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 17, 2013

အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီးနောက် မွတ်ဆလင်သူပုန်တွေကို ဖိလစ်ပိုင်အစိုးရက လေကြောင်းကနေ ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်


17.9.2013

ဖိလစ်ပိုင်နိုင်ငံမှာ ဂ ရက်ကြာ ပြင်းထန်စွာ ပဋိပက္ခဖြစ်နေတဲ့ မွတ်ဆလင်လွတ်မြောက်ရေးသူပုန်တွေကို ဖိလစ်ပိုင်အစိုးရက မနေ့က ရဟတ်ယာဉ်တွေသုံးပြိးလေကြောင်းကနေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။စက်တင်ဘာ ၁၃ ရက်နေ့ ကစတင်ဖြစ်ပွါးခဲ့တဲ့ဒီတိုက်ပွဲမှာဇမ်ဘိုအန်ဂါ မြို့ကိုမွတ်ဆလင်သူပုန်တွေကစီးနင်းထားတာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း  ပြည် သူ (၆၀) ၊ ရဲတပ်ဖွဲ့ဝင်(၄)ဦးးနဲ့ ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့(၆)ဦးတို့ သေဆုံးခဲ့ပါတယ် ။ဒေသခံများလည်း ထွက်ပြေးနေရပြီး ငါးသေတ္တာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ ဇမ်ဘိုအန်ဂါမြို့မှာ တနေ့ဝင်ငွေ (၁.၁ ဘီလျှံ) ဆုံးရှုံးနေပါတယ်။
 
မွတ်ဆလင်သူပုန်အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ကတ်သလစ်ဘာသာဝင်တွေနေထိုင်ရာ နယ်မြေတွေကို မွတ်ဆလင်သူပုန်တွေက နယ်မြေခွဲခြားရယူနိုင်ဖို့အတွက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးခဲ့တာဖြစ်ပြီး အစိုးရ ဘက်မှ မွတ်ဆလင်သူပုန်တွေကို ပြတ်ပြတ်သားသားနှိမ်နှင်းခဲ့တာဖြစ်ပါတယ် ။ ဇမ်ဘိုအန်ဂါ ရဲ့ ကမ်းရိုးတန်း ရွှာနှစ်ရွှာမှာ လည်း သူပုန်တွေနဲ့အစိုးရတပ်တွေမြေပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတယ်လို့ အစိုးရစစ်တပ်က ပြောကြား ပါတယ် ။ အစိုးရဘက်က စစ်သား ၃၀၀၀ ကျော်နဲ့ ဇမ်ဘိုအန်ဂါတ၀ိုက်ကို ပိတ်ဆို့ဝိုင်းရံနေပြီး သူပုန်အင်အား ၁၀၀ ဟာ ပိတ်မိနေပြီး အရပ်သားတွေကို ဓါးစာခံအဖြစ်အသုံးပြုနေပါတယ်။၁၅ ရက်နေ့ကလည်း သူပုန်တွေဟာ လက်နက်ချ အညံခံပြီး အရ ပ် သားတွေပုံစံဟန်ဆောင်ပြီးထွက်ပြေးဖို့လုပ်နေရာ အစိုးရစစ်တပ်က ဖမ်းမိခဲ့သလို သူပုန်တွေဆုတ်ခွါမယ့်လမ်းကြောင်းတွေ ကိုလည်း ပိတ်ထားပြိးဖြစ်ပါတယ်။ဒီတိုက်ပွဲအတွင်း သူပုန် ၅၁ ယောက် သေဆုံးသွားပြီလို့ အစိုးရစစ်တပ်က ဗိုလ်မှူးကြီး တစ်ဦးကပြောဆိုပါတယ်။

မြန်မာပြည်သား

No comments:

Post a Comment