address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 30, 2013

ပြည်ထောင်စု ၀န်ကြီးများက နိုင်ငံရေးပါတီ ၃၇ ခုမှ ခေါင်းဆောင် ၇၀ ဦးခန့်နှင့် တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်ဖြစ်ကြောင်း ရှင်းပြ

စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါ တီခေါင်းဆောင်များ တွေ့ဆုံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-MPC)
 30.9.2013

အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၇၀ ၀န်းကျင်တို့ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ ချရေး တို့ကို ဆွေးနွေးမှုပြုလုပ် ခဲ့ကြပြီး ပြည်ထောင်စု ၀န်ကြီးများက အောက်တိုဘာလကုန်တွင် ပြုလုပ်ရန် ရည်ရွယ်ထား သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ တွေ့ဆုံပွဲ အစိုးရအဖွဲ့မှ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးအုန်းမြင့်၊ ဦးသန်းဌေး စသည်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီများမှ ပါတီခေါင်းဆောင်များ အပါအ၀င် ပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၆၈ ဦး တက်ရောက်ခဲ့ကြောင်း Myanmar Peace Center မှ သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက "အဓိက ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေကို ဆွေးနွေးတာပါ။ လာမယ့်လမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်မယ်။ သမ္မတကြီးရယ်၊ ကာကွယ်ရေး ဦးစီးချုပ်လည်း တက်မယ်။ လွှတ်တော်ဘက်ကလည်း တက်မယ်။ နိုင်ငံရေး ပါတီတွေလည်း ပါမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ အဲဒါပြီးသွားရင် နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၄ ဧပြီမှာ လုပ်မယ်လို့ ပြောတယ်" ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

"ကျွန်တော်တို့ ဘက်ကလည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးပြီးရင် ထိတွေ့မှုတွေ မဖြစ်ဖို့ အရေးကြီးတယ်။ ၀ိုင်း ၀န်းပြီးတော့ ထိန်းသိမ်းပေးဖို့ကို တင်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံရေး ဆွေးနွေးပွဲ လာမယ်ဆိုတဲ့အ     တွ က် ပြည့်ပြည်စုံစုံ ပြောမှာပေါ့။ အဲဒီအချိန်ကျရင် ညီလာခံ သဘောမျိုး ဖြစ်သွားတာပေါ့။ တိုင်းရင်းသားပေါင်းစုံ ပါ မယ်လေ" ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ယခု တွေ့ဆုံမှုသည် လာမည့်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ ပါဝင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပါတီများ၏ အကြံဥာဏ် ရယူရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
 
Eleven Media Group

No comments:

Post a Comment