address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, September 15, 2013

ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ထိုးရန် ကေအိုင်အိုအား တွန်းအားပေးနေဟု တရုတ်၏ အာရှအထူးသံတမန်ပြော

15.9.2013

မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရန် တရုတ်အစိုးရအ နေဖြင့် ကေအိုင်အိုအား တွန်းအား ပေးလျက် ရှိကြောင်း တရုတ်အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ ပြောကြားသည်။
စက်  တင်ဘာ၁၃ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှ ရေးရာ အထူးသံတ မန်နှင့်နိုင်ငံ ခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးမူဝါဒ အကြံပေးကော်မတီအဖွဲ့ ဝင် မစ္စတာဝမ်ယင်ဖန်နှင့် ရန် ကုန် တိုင်းမ် တို့ သီးခြားတွေ့ဆုံစဉ် ယင်း ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ''မြန်မာအစိုးရနဲ့ ကေအိုင် အိုတို့အကြား ငြိမ်း ချမ်းေ ရးရဖို့ တွန်းအားပေးတဲ့အလုပ်ကို ကျွန် တော်တို့ အမှန်တကယ်ကြိုးစား နေပါတယ်။ တရုတ်ပြည်သူ့တပ် မတော် အပါအဝင် ယူနန်ဘက်က လဲ လုပ်ဆောင်ပေးနေပါတယ်''ဟု မစ္စတာဝမ်ယင်ဖန်က ပြောသည်။
 
မစ္စတာဝမ်ယင်ဖန်သည် မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ အကြား ငြိမ်းချမ်းရေးရရှိစေရန် အတွက် ညှိနှိုင်းဆောင် ရွက်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး စက်တင် ဘာ ၁၄ရက်တွင် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ် မော်နှင့်တွေ့ ဆုံမည်ဟု သိရသည်။တရုတ်အစိုးရအနေဖြင့် ကေအိုင်အေနှင့် '၀'တပ်မတော် တို့ထံ သို့ လက်နက်များရောင်းခြင်း မရှိကြောင်းကိုလည်း ယင်းက တရားဝင်ငြင်းဆိုခဲ့သည်။
  
မစ္စတာဝမ်သည် မြန်မာနိုင်ငံ သို့ ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ်ပြီး ယခုခရီးစဉ်အတွင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဇော်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ တစညပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ၊ ၈၈မျိုးဆက်ကျောင်း သားအဖွဲ့မှဦးကိုကိုကြီးတို့နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။မစ္စတာဝမ်သည်၂၀၁၃ခု နှစ်မတ်လအတွင်းပြုလုပ်ခဲ့သည့်   ရွှေလီငြိမ်းချမ်းရေး ဆွေးနွေးပွဲအ ပြီးတွင် ပထမအကြိမ်အဖြစ် မတ် လအတွင်းက မြန်မာနိုင်ငံသို့လာ ရောက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ၈ရက်က ရောက်ရှိခဲ့ ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment