address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, September 27, 2013

အစိုးရ၏ အရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကေအဲန်ယူ ခရီးထွက်ခွာ



27.9.2013

မြန်မာအစိုးရ၏ အုပ်ချုပ်ရေးနှင့် တပ်ဖက်ဆိုင်ရာ အကြီးအကဲများကို တွေ့ဆုံရန် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ် (၉)ဦးသည် ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန်သို့ ယနေ့နံနက် ခရီးထွက်ခွါသွားခဲ့သည်။


ယခုခရီးသည် ရှေ့ဆက်မည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများအတွက် အဓိကဖြစ်သော အပစ်အခတ်ရပ်စဲရေး ကိစ္စများနှင့် ပတ် သက်၍ အလွတ်သဘောအနေဖြင့် သွားရောက်ဆွေးနွေးရန်ရှိသည်ဟု ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူး ၀င်းက ကေအိုင်စီသို့ ပြောသည်။

“အခု ခရီးစဉ်အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ မြန်မာတပ်မတော်ရဲ့ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ် နဲ့ တွေ့ဆုံဖို့ ရှိတယ်။ သဘောတူညီချက် တစ်ခုခုရရှိဖို့အတွက် မဟုတ်ပါဘူး။ တပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ် သက်ပြီး ရှေ့တက် လှမ်းနိုင်နဲ့ အမြင်သဘောထားတွေကိုအပြန်အလှန်ဆွေးနွေးသွားဖို့ပဲရှိပါတယ်။”ဟုပဒိုစောကွယ်ထူးဝင်း က ပြောဆိုသည်။

အဆိုပါ ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၇မှ ၃၀ရက်နေ့အထိ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ သွား ရောက်ရန်ရှိပြီး မြန်မာ့တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် မြန်မာအစိုးရ၏ငြိမ်းချမ်းေ ရးဖော် ဆောင်ရေးကော်မတီ(MPC) တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။

ခရီးစဉ်တွင် ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမှုတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ KNU/KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်စောအိုင်းဇက်၊ ပဒိုစောတာဒိုမှူး၊ ပဒိုစောရွှေမောင်း အပါအ ၀င် အဖွဲ့ဝင် (၉)ဦး လိုက်ပါသွားခြင်းဖြစ်သည်။

၎င်းအပြင် တွေ့ဆုံဆွေးနွေးမှုရလဒ်များကိုလည်း ကေအဲန်ယူအတွင်း ပြန်လည်ဆွေးနွေးအဖြေရှာမည်ဖြစ်ပြီး ပြည်သူလူထုနှင့် အခြားသောတိုင်းရင်းသားအဖွဲ့အစည်းများကိုလည်း ပြန်လည်ချပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူဘက်က   ပြောဆိုသည်။

KIC (Karen Information Center)

No comments:

Post a Comment