address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, September 13, 2013

ဘုရားဖူယာဉ်ပြေးဆွဲခွင့် မပေးပါက ကျိုက်ထီးရိုးတောင်တက်လမ်းကို ထိန်းချုပ်မည်ဟုဆို


13.9.2013

ရန်ကုန် ၊ စက်တင်ဘာ ၁၂။ ။ ကရင် စာပေနှင့် ယဉ်ကျေးမှုရန်ပုံငွေအ တွက် ကျိုက် ထီးရိုးဘုရား ယာဉ် လိုင်းတွင် တောင် တက်ယာဉ်ငါး စီးပြေးဆွဲခွင့်တောင်းခံမှုကို ဆက် လက်ပိတ်ပင်နေပါက ကျိုက်ထီး ရိုးတောင်တက်လမ်းကို ထိန်းချုပ် သွား မည်ဖြစ်ကြောင်း ကျိုက်ထို မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေး မှုကော်မတီဥက္ကဋ္ဌ၊ ယခင်ကေ အာရ်စီတိုင်းရင်း သားလက် နက် ကိုင်တပ်ဖွဲ့မှ အလင်းဝင်ထားသည့် ဦးစောဗန်ဒိုက ထုတ်ဖော်ပြော ကြားလိုက်သည်။


ကရင်စာပေနှင့် ယဉ်ကျေး မှုရန်ပုံငွေ ရရှိရေးအတွက် ကျိုက်ထီးရိုးတောင် တက်ယာဉ်အသင်းတွင် ဒေသခံ ကရင်ရွာ ၄၁ ရွာ မှ စုပေါင်းဝယ် ယူထားသည့် တောင်တက်ယာဉ် ငါးစီးကို ယာဉ်ဝင်ရောက်ပြေးဆွဲ ခွင့်တောင်းခံရာတွင် ကျိုက်ထီး ရိုး မော်တော်ယာဉ် အသင်းမှ ပိတ် ဆို့မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ပယ်ချလိုက်မှုအပေါ် စက်တင် ဘာ၁၁ရက်က ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာရှိ ကရင် စာပေနှင့် ယဉ်ကျေးမှုရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ ရာ တွင် ကော်  မတီ ဥက္ကဋ္ဌဦးစော ဗန်ဒိုက ပြောခြင်းဖြစ်သည်။

လက်ရှိတွင် ဒေသတွင်း ကျေးရွာများကို ကရင်စာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရေး လုပ်ငန်း များလုပ်ကိုင်ရာတွင် ရန်ပုံငွေ အ ခက် အခဲကြောင့် ထိရောက် သည့် သင်ကြားမှုထောက်ပံ့မှုများ မပေးနိုင်သည့်အတွက် ကျိုက်ထီး ရိုးတောင်တန်း ဒေသရှိ ကရင်လူ မျိုးများ၏ ယဉ်ကျေးမှုနှင့်စာပေ သည် ပျောက်ကွယ်မည့်အရေးနှင့် ကြုံတွေ့နေရကြောင်းသိရသည်။ ကရင်ကေ အာရ်စီတပ်ဖွဲ့မှ အလင်းဝင်ရောက်ထားသူဖြစ် သည့် ဦးစောဗန်ဒိုက''ယခုနိုင်ငံ က ငြိမ်းချမ်းရေး တည်ဆောက် ထားတဲ့ အချိန်မှာ ကျွန်တော်တို့ ကြောင့် အခက်အခဲထပ်မဖြစ်စေ ချင်ဘူး။

အမျိုးသားရေးနဲ့ဆိုင်တဲ့ ဒီရန်ပုံငွေရရှိရေးအတွက် ယာဉ် ဝင်ရောက်ပြေးဆွဲခွင့်လေးတစ်ခု တိုင်းရင်းသားတွေက တောင်း တာကို ပိတ်ပင်ခံနေရတယ်။ ဒီ ယာဉ် အသင်းကို လက်ရှိထိန်းချုပ် နေတာက တရုတ်လူမျိုးတွေပါ။ ကျွန်တော်တို့က ဒီဒေသရဲ့ဒေသခံ တွေဖြစ်ပြီး ဒီဘုရားလမ်းကို ကိုယ် တိုင်ဖောက်ခဲ့ရသူတွေပါ။ ဒီလိုမှ ခွင့်မပြုရင် ဒီတောင်တက်လမ်း ကို ပိတ်ဆို့ထိန်းချုပ်ဖို့အထိစဉ်း စားပါ တယ်''ဟုပြောသည်။

အဆိုပါ ကျိုက်ထီးရိုး တောင်တန်းဒေသနှင့် ကျိုက် ထိုမြို့နယ်အတွင်းရှိ ကရင်တိုင်း ရင်းသားကျေးရွာပေါင်း ၄၁ ရွာ တည်ရှိပြီး စကောကရင်လူမျိုး များဖြစ်ကာ အများစုက စာ တတ်မြောက်မှုနည်းပါးပြီး ဆင်း ရဲသူများဖြစ်ကြောင်း ကရင် စာပေ နှင့် ယဉ်ကျေး မှုကော်မ တီထံမှ သိရသည်။ ယင်းကဲ့သို့ တောင်တက် ယာဉ်လိုင်းတွင် ဝင်ရောက်ပြေး ဆွဲခွင့် မပြုသော် လည်း ကရင်စာ ပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုထောက် ပံ့ရန်ပုံငွေပေးရန် ကျိုက်ထီးရိုး ယာဉ်ပိုင်ရှင်အသင်း က လာ ရောက် ညှိနှိုင်း မှုရှိကြောင်း အသင်းဥက္ကဋ္ဌ က ထုတ်ဖော်ပြောကြားသည်။

''ယာဉ်ပိုင်ရှင်အသင်းက ကျွန်တော့်ကို သီးသန့်နှစ်ကြိမ် လာရောက်ညှိနှိုင်းခဲ့တာရှိတယ်။ သူတို့ထောက်ပံ့ငွေကိုယူဖို့ပါ။ ဒါ ပေမဲ့ ဒီယာဉ်ပြေးဆွဲခွင့်ကသာ ရေရှည်ရန်ပုံ ငွေဖြစ် တဲ့ အတွက် သူတို့ရဲ့ညှိနှိုင်းမှုကို လက်မခံခဲ့ပါ ဘူး''ဟု ဦးစောဗန်ဒို  ကပြောသည်။

ယခုသတင်းစာရှင်းလင်း ပွဲကိုတက်ရောက်လာသည့် ကျန်း မားရေးဆေးမှူးတစ်ဦးဖြစ်သည့် ဦးစောမြင့်ရွှေက ''ကရင်က စာ
မတတ်ဘူး၊ နိမ့်ပါးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စာပေပျောက်ရင် လူမျိုးပျောက်တယ်ဆိုတာ ရှိပါတယ်။ ဒီဒေ သ ကရင် စာပေ မကွယ်ပျောက်ရေးအတွက် ဒီရန် ပုံငွေရရှိရေးက အရေးကြီးနေတာပါ။ကရင်လူမျိုးတွေကိုအရမ်းဖိနှိပ်ရင်မကောင်းပါ ဘူး။ စပရိန် ဆိုတာဖိတာများရင် ပြန်ကန် တတ်ပါတယ်။ ကရင်တွေလဲဒီ အတိုင်းပါပဲ''ဟု ပြောသည်။

အဆိုပါယာဉ်လိုင်းပြေးဆွဲ ခွင့်ပိတ်ပင်ထားခြင်းနှင့်ပတ်သက် ပြီး ကျိုက် ထီးရိုး တောင်တက် ယာဉ်ပိုင်ရှင်အသင်းကို ဝင်ရောက် မေးမြန်းသော် လည်း ကော်မတီ ဝင်များ စုံလင်စွာမရှိသည့်အတွက် ဖြေကြားနိုင်ခြင်းမ ရှိကြောင်း ယာဉ်ပိုင်ရှင် အသင်း ဒုဥက္ကဋ္ဌက ပြောသည်။

အဆိုပါကျိုက်ထီးရိုးတောင် တန်းဒေသဝန်းကျင်တွင် ကရင် အမျိုးသားအစည်းအရုံး (ကေ အင်န်ယူ)၏ တပ်မဟာ (၁)၊ (၃)၊ (၅)နှင့်(၇)စသည့် တပ်ရင်းကြီး လေးခုတပ်စွဲထားပြီး လိုအပ်ပါက ကရင်စာပေ နှင့် ယဉ်ကျေးမှု အဖွဲ့ က အကူအ ညီတောင်းခံသွား မည်ဖြစ်ကြောင်း ယင်း ၄၁ရွာမှ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကိုယ် စားလှယ်များ၏ ပြောကြားမှုများ အရ သိရသည်။

ယခုကဲ့သို့ ယာဉ်လိုင်း တွင် ဝင်ရောက်ပြေးဆွဲခွင့်ကို တားဆီးပိတ် ပင်နေပါက မြန်မာ နိုင်ငံရှိ ကရင်ငြိမ်းချမ်းရေးအဖွဲ့ များထံစာပေးပို့ပြီး ကရင်စာပေ နှင့်ယဉ်ကျေးမှုဖွံ့ဖြိုးရေးအတွက် အကူအညီ တောင်းခံ သွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကရင်စာပေနှင့် ယဉ်ကျေးမှုကော် မတီသည် ကျိုက်ထီးရိုးတောင် တက်ယာဉ် ပြေးဆွဲခွင့်ရရှိရေး အတွက် ယ ခုနှစ်ဇွန်လတွင် မြို့ နယ်အဆင့် တောင်းဆိုမှုပြုလုပ် ရာတွင် ပယ်ချခံ ခဲ့ရသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့သို့ ဩဂုတ် ၇ ရက် တွင် ထပ်မံ တင်ပြတောင်း ခံထားကြောင်း သိရသည်။

ကျော်ဇေယျ
The Yangon Times

No comments:

Post a Comment