address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 12, 2013

ဖိလစ်ပိုင်တွင် စစ်သွေးကြွများက အရပ်သားပေါင်း ၁၈၀ အားလူသားဒိုင်းများအဖြစ် အသုံးပြုနေ

12.9.2013
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မြို့တစ်မြို့တွင် မွတ်ဆလင်စစ်သွေးကြွများနှင့် အစိုးရတပ်များအကြား အင်္ဂါ နေ့တွင်တိုက်ပွဲ များ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရာတွင် စစ်သွေးကြွများက အရပ်သားပေါင်း ၁၈၀ အား “လူသားဒိုင်းများ” အဖြစ်အသုံးပြုခဲ့ သည့်အပြင် အိမ်များအားလည်း မီးရှို့ခဲ့သည်ဟု ဖိလစ်ပိုင်အာဏာပိုင် များက ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၁၁ ရက် က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။


မိုရို အမျိုးသားလွတ်မြောက်ရေး တပ်ပေါင်းစု (#MNLF) မှ တိုက်ခိုက်ရေးသမားများမှာ ငြိမ်းချမ်းရေး ဆွေး နွေးပွဲအား ရပ်ဆိုင်းလိုသည့်ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သောတနလာင်္နေ့တွင် #Zamboanga မြို့အား ၀င် ရောက်ဖျက်ဆီးခဲ့ရာ ဖိလစ်ပိုင်ရေတပ်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ပြီး မြို့တွင်းရှိလမ်းများပေါ် တွင်လည်းစက်သေနတ်သံများဖြင့် ဆူညံလျက်ရှိသည်။

အိမ်အများအပြားမှာလည်း မီးလောင်နေသည့်အတွက် မီးသတ်ကားများဖြင့်ဝင်ရောက်နှိမ်နင်းရန် ကြိုးစားသော်လည်း သူပုန်များဘက်မှ စနိုက်ပါသမားများကြောင့် မီးငြှိမ်းသတ်နိုင်ခြင်းမရှိသေးပေ။

“ကျွန်တော်တို့ အရမ်းကြောက်နေပါတယ်။ ဒီတိုက်ခိုက်တွေကို အမြန်ဆုံးအဆုံးသတ်ချင်ပါပြီ။ ဒါမှသာ ကျွန်တော်တို့ရဲ့ ပုံမှန်ဘ၀ကို ပြန်ရနိုင်မှာပါ” ဟု သေနတ်များပစ်ခတ်နေသည့်အတွက် နေအိမ်အတွင်း တွင်ပုန်းနေရသည့် လုံခြုံရေးဆိုင် ရာနည်းပညာရှင် Ed Laguatan က ပြောကြားလိုက်သည်။

“ကျွန်တော်တို့က နောက်ဘက်တံခါးမှာရှိတဲ့ သူပုန်တွေကို မြင်နေရပါတယ်။ သူတို့ပုံစံကြည့်ရတာလည်း အသေခံတိုက် ခိုက်မ ယ့်ပုံပါပဲ”ဟု ၎င်းကထပ်လောင်း ပြောကြားသွားခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ လူပေါင်းတစ်သန်းကျော်နေထိုင်လျက်ရှိသည့် Zamboanga မြို့နှင့် အနီးပတ်ဝန်း ကျင်သို့သူပုန်များမှ တနင်္လာနေ့အရုဏ်ဦးတွင် ရောက်ရှိလာပြီး နောက်ပိုင်းတွင်စတင်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း လူလေးဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ထိုနေ့တွင်ပင် မြို့တွင်းသို့ ၀င်ရောက်ရန်ကြိုးပမ်းနေ သည့် MNLF တပ်ဖွဲ့ဝင်များ အနက်မှခုနစ်ဦးအား ဖိလစ်ပိုင်ရေတပ်မှ အသေခံတပ်သားများက သုတ်သင်ခဲ့သည်ဟု လည်း ရေ တပ်ပြောခွင့်ရပုဂိ္ဂုလ် ဒုတိယတပ်မှူးကြီး Gregory Fabic က ပြောကြားလိုက်သည်။

MNLF ၏ ပြောခွင့်ရပုဂ်္ဂိုလ် ဒု-ဗိုလ်မှူးကြီး Ramon Zagala က MNLF တပ်ဖွဲ့ဝင်ပေါင်း ၁၈၀ အားဖိလစ် ပိုင်စစ်တပ်၏ အထူးတပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀ နှင့် ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းထားသည်ဟုအတည်ပြုပြောကြား ခဲ့သည်။


Mizzima 

No comments:

Post a Comment