address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 16, 2013

GSM လိုင်းကတ်ထပ်တိုး၍ရောင်းချပေးသွားမည်

16.9.2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လမှစတင်ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် အရေအတွက် ကန့်သတ်ရောင်းချပေးနေသည့် GSM လိုင်းကတ်များကို အရေအတွက်တိုးမြှင့်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးကပြောကြားသည်။ ကျပ် ၁၅၀၀ တန် GSM မိုဘိုင်းလ်ဖုန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့ ဇူလိုင်လအတွင် လိုင်းကတ် နှစ်သိန်း၊ သြဂုတ် လအတွက်လိုင်းကတ်နှစ်သိန်းတစ်သောင်းခွဲဝေ ရောင်းချပေးခဲ့ပြီး စက်တင်ဘာလ ခွဲတမ်းတွင် ထပ်မံတိုးမြှင့် ရောင်း ချပေးနိုင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း ၄င်းကထပ်လောင်းပြောကြားသည်။

လိုင်းအင်အား တိုးချဲ့ဖို့အတွက် ခုလည်းလုပ်နေတာပဲ။ ဖြည်းဖြည်းချင်းတော့ တိုးရောင်းသွားမှာပါ ဟု၎င်းကဆိုသည်။ GSM မိုဘိုင်းလ်ဖုန်းများ တိုးမြှင့်ချထားပေးပါက လက်ရှိ လိုင်းအင်အားနဲ့ မလုံလောက်သည့် အတွက် သေချာပေါက် လိုင်းကျပ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း၊ ကုမ္ပဏီများနှင့်ပူးပေါင်း၍ လိုင်းအင်အားတိုးမြှင့်ရန် လုပ်ဆောင်နေမှုမှာ စက်တပ် ဆင်သည့် အဆင့်သို့မရောက်သေးကြောင်း မတွေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

ဒီလအတွင်း တိုးဖို့တော့မီပါ့မလားမသိဘူး။ ဘယ်လောက် ရောင်းပေးမလဲဆိုတာ တစ်ပတ်အတွင်းသိရမှာပါ ဟု၎င်းက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကထုတ်ပေးနေသည့် CDMA လိုင်းကတ်များ အတွက်ပါ စက်အင်အားတိုးချဲ့တပ်ဆင်ခြင်းမရှိကြောင်း အဆိုပါ တာဝန်ခံ အင်ဂျင်နီယာက ထုတ်ေ ဖာ်ြေ ပာ ကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် (MEC) တို့က ဧပြီလမှစတင်ကာ CDMA လိုင်းကတ် စုစုပေါင်း ၁ဒသမ၃၅သန်းနှင့်GSMလိုင်းကတ်ဝဒသမ၄၁သန်းကိုကျပ်၁၅၀၀ နှုန်းဖြင့်ခွဲဝေ ရောင်းချခဲ့သော်လည်း ပြင်ပဈေးကွက် တွင် အနိမ့်ဆုံး CDMA အတွက် ကျပ်ခြောက်သောင်း၊ GSM အတွက် ကျပ်တစ်သိန်းနှစ်သောင်းခန့်ဈေးပေါက် လျှက် ရှိသည်။

Myanmar ICT News

No comments:

Post a Comment