address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, September 11, 2013

အပစ်အခတ်ရပ်စဲရေး ရှေ့လထဲမှာ လက်မှတ်ထိုးနိုင်ခြေရှိ

11.9.2013

လာမယ့် သီတင်းပတ်ထဲမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဆွေးနွေးပွဲတွေ အောင်မြင်မယ်ဆိုရင် လာ မယ့် အောက်တိုဘာလဆန်းပိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဖြစ်နိုင်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေ က ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့ အပစ်ခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်းဆိုင်ရာ ဆွေးနွေး ပွဲအပြီး မှာ မြန် မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောခဲ့တာပါ။

အခုလို ဆွေးနွေးပွဲမျိုးတွေဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် အထောက်အကူပြုတယ်လို့ ဒီနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RCSS/SSA အဖွဲ့က ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

“ဒီငြိမ်းချမ်းရေးလုပ်ငန်းမှာဆိုရင် အစိုးရနဲ့ တိုင်းရင်းသားဘက်က နည်းပညာအကြံပေးအဖွဲ့တို့ ညှိနှိုင်းဖို့လိုအပ်တယ်၊ တဆင့်ပြီးတဆင့် ဘယ်လိုသွားကြမလဲဆိုတာ ညှိနှိုင်းဖို့လိုအပ်ပါတယ်၊ လုပ်ငန်းစဉ်အနေနဲ့တော့ အစိုးရကပြုလုပ်နေတဲ့ တစ်ပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကိစ္စကို ကျနော်တို့ အရင်ဆုံးညှိနှိုင်းနေတာဖြစ်ပါတယ်၊ သဘောတူညီချက်တွေ ရမှသာလျှင် ကျနော်တို့ ရှေ့ဆက်သွားလိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စနိုင်မှာဖြစ်တယ်”

အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ဟာ လာမယ့် သ တင်း ပတ်ထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment