address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 28, 2013

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူ



28.11.2013

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ သြစတြေးလျနိုင်ငံ ပထမနေ့ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရဲ့ သင်္ဂေတတစ်ခုဖြစ်တဲ့ ဆစ်ဒနီ Opera House မှာ တက္ကသိုလ်နှစ်ခုက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေလည်း ရရှိခဲ့ပါတယ်။

တက္ကသိုလ်နှစ်ခုက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ချီးမြင့်ပွဲ အခမ်းအနားမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက သားသမီးတွေထဲမှာ သူ့ကို အချစ်ဆုံးလို့ သူ့အမေက ပြောခဲ့တာတွေက သူ့ကို ခုလို အလုပ်လုပ်တွေလုပ်ဖို့ တွန်းအားပေးရာ ရောက်တယ်ဆိုတာမျိုးတွေ၊ မြန်မာစစ်သားတွေက ဗိုလ်ချုပ်အောင်ဆန်းကို ဖခင်သဖွယ်မြင်ကြတဲ့အတွက် စစ်သားတွေအားလုံးကို သူ့ရဲ့ ညီအစ်ကိုလို မြင်တဲ့အကြောင်း၊ မိခင်ဖြစ်သူကလည်း စစ်တပ်ကို ချစ်ဖို့ အမြဲတမ်းပြောတဲ့အကြောင်းတွေကို ဒေါ်အေင်ဆန်းစုကြည်က ပြောပါတယ်။

ဒါပေမယ့် တချို့က စစ်တပ်လုပ်ခဲ့တဲ့ လုပ်ရပ်ဆိုးတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်ခဲ့တယ်လို့ ပြောဆိုမှုအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်မကောင်းကြောင်းကို သူ့ပါတီလောက် ဘယ်သူက ပြောခဲ့သလဲဆိုပြီးတော့လည်း ဖြေကြားသွားခဲ့ပါတယ်။

သူ့ကို လူအများစုက ပေးဆပ်မှုတွေ အများကြီးလုပ်ခဲ့သူလို့ မြင်ကြပေမယ့် သူ့အနေနဲ့ ပေးဆပ်မှုလို့မမြင်ပဲ ရွေးချယ်မှုလို့သာ မြင်ကြောင်း၊ မြန်မာအရေးက သူ့သားတွေရဲ့ အရေးထက် အရေးကြီးတယ်ဆိုတာကိုလည်း သားကြီးကို ရှင်းပြခဲ့တဲ့အကြောင်း သားငယ်က ငယ်သေးတဲ့အချိန်မို့ မရှင်းပြခဲ့ဘူးလို့လည်း ပြောပါတယ်။

ပြီးတော့ သူရွေးချယ်တဲ့လမ်းကြောင်းအတိုင်း ဒီမိုကရေစီအရေးကို လုပ်သွားမှာဖြစ်ပြီး မြန်မာပြည်မှာ ဒီမိုကရေစီအရေးတွက် လုပ်ဆောင်သူ တစ်ယောက်ထဲ ကျန်ခဲ့ရင်တောင် အဲဒီပုဂ္ဂိုလ်က သူမသာဖြစ်ချင်ကြောင်းလည်း ပြောပါတယ်။

တက္ကသိုလ်က ချီးမြင့်တဲ့ဆုတွေဟာ ကမ္ဘာက သူမတို့နဲ့အတူ ရှိတယ်ဆိုတာကို ပြသရာရောက်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ သြစတြေးလျနိုင်ငံက ပညာရှင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘော့ဘ်ကားရ်ကို နိုင်ငံရေးသမားတွေလည်း တက်ရောက်ပြီး ခမ်းမကြီးတစ်ခုလုံး ပြည့်နှက်နေခဲ့ပါတယ်။

Radio Australia - Myanmar

No comments:

Post a Comment