address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 28, 2013

တယ်လီနောမြန်မာက အုပ်ချုပ်ရေးပိုင်းတွင် မြန်မာဝန်ထမ်း ၅၀ ရာခိုင်နှုန်း ခန့်အပ်ထားဟုဆို


28.11.2013

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် ပြင်ဆင်နေသော တယ်လီနောမြန်မာက ကုမ္ပဏီ အုပ်ချုပ်ရေးပိုင်းတွင် ဝန်ထမ်းများ၏ ထက်ဝက်ခန့်ကို မြန်မာလူမျိုးများ ခန့်အပ်ထားကြောင်း တယ်လီနောမြန်မာမှ ဝန်ထမ်းရေးရာ အရာရှိချုပ် Ms.Tipayarat Kaewsringarm က The Voice သို့ ပြောကြားသည်။

“မြန်မာနိုင်ငံထဲမှာ လာပြီးနေတဲ့ နိုင်ငံခြားသားက တစ်ဝက်။ ပြီးရင် မြန်မာ နိုင်ငံသားတွေလည်း ပါတယ်။ အဲဒီမှာက နိုင်ငံခြားမှာနေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပါသလို မြန်မာပြည်တွင်းက မြန်မာတွေလည်း ပါတယ်။ တစ်ဝက်စီလောက် ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အုပ်ချုပ်ရေးပိုင်း (Management Level) အရာရှိ ၂၅ ယောက်ကို သြဂုတ်လမှ အောက်တိုဘာလအတွင်း ခန့်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျွမ်းကျင်အဆင့် (Expert Level) ဝန်ထမ်း ၁၆၀ ခန့် ရှာဖွေခန့်ထားမည် ဖြစ်ပြီး ယခုအခါ ဝန်ထမ်း ၉၀ နီးပါး ခန့်ထားပြီး ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

ယခုနှစ် ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ အောက်ခြေအဆင့် (Entry Leve) ဝန်ထမ်း တစ်ထောင်ခန့် ထပ်မံ ခေါ်ယူမည်ဖြစ်ပြီး အတွေ့အကြုံနှင့် ပညာအရည်အချင်း ကန့်သတ်ချက် အများအပြား မလိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment