address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 21, 2013

ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်း Cable Car ပြေးဆွဲရေး ဗီယက်နမ် ကုမ္ပဏီ လာရောက်ဆွေးနွေး



21.11.2013

မွန်ပြည်နယ်၏ သမိုင်းဝင် စေတီတော် ကျိုက်ထီးရိုး တောင်တက်လမ်း တွင် တောင်ခြေနှင့် ရင်ပြင်တော်ပေါ် cable car ပြေးဆွဲရေးနှင့် အခြား ရင်းနှီး မြှုပ်နှံရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံမှ Oman Investment Fund အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးသို့ လာရောက်၍ အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့်တွေ့ဆုံကြောင်း သိရသည်။


ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဖွဲ့မှ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Mr. Trvong Hoang Son က မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ရှိ ကျိုက်ထီးရိုး စေတီ တော် တောင် ဘက်လမ်းတွင် cable car ပြေးဆွဲရေး လုပ်ငန်းနှင့် မွန်ပြည်နယ် စက်ရုံများ တည်ဆောက် လုပ်ကိုင် လို ကြောင်း သို့မဟုတ် စက်ရုံကြီး များကို ငှားရမ်းလုပ်ကိုင် လိုကြောင်း ၊ စသည်တို့ ကို ပြောကြားကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲ သို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဗမာ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးသက်ဝင်း၊ ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်နှင့် လျှပ်စစ် နှင့် စက်မှု လက်မှု ဝန်ကြီး ဦးနိုင်လဝီအောင် တို့တက်ရောက်ကြောင်း သိရသည်။

Mandalay Media Group 

No comments:

Post a Comment