address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 25, 2013

"ဗြဟ္မစိုရ်တရားကိုစောင့်ထိန်းကြပါ" ~ ကျော်သူ



25.11.2013

မြန်မာနိုင်ငံမှာ ကပ်ဘေးတွေ အမျိုးမျိုး ကြုံတွေ့နေရတာဟာ ဗြဟ္မစိုရ်တရားလေးပါး ခေါင်းပါးလို့ဖြစ်တယ်ဆိုပြီး ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အကယ်ဒမီမင်းသား ကျော်သူက ဧရာဝတီသတင်းဌာနကို ဒီနေ့ ပြောပါတယ်။


မြ၀တီမြို့မှာ ကျင်းပတဲ့ နာရေးကူညီမှုအသင်း န၀မအကြိမ်မြောက် နှစ်ပတ်လည်နေ့ကိုတက်ရောက်လာတဲ့ မင်းသားကျော်သူကပြောတာပါ။

နာရေးကူညီမှုနှစ်ပတ်လည်နဲ့ပတ်သက်ပြီး အမှတ်တရစကား ပြောကြားဖို့ ဧရာဝတီကပြောတဲ့အခါ
"ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ် ဗြဟ္မစိုရ်တရားလေးပါးဖြစ်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာတရားတွေ ခေါင်းပါးရင် ကပ်ဘေး အမျိုးမျိုးကြုံရတယ်လို့ပြောပါတယ်၊
အခုဆိုရင် ဗြဟ္မစိုရ်တရားလေးပါး ခေါင်းပါးတဲ့ အတွက် ကပ်ဘေးတွေ အမျိုးမျိုး ကြုံနေရတယ်၊ ဗြဟ္မစိုရ်တရားကိုစောင့်ထိန်းကြပါလို့ ဒါပဲပြောချင်တယ်" လို့ ဆိုပါတယ်။

မင်းသားကြီးကျော်သူက ဒီနေ့ ညမြ၀တီမြို့မှာ စာပေဟောပြောပွဲရှိတယ်၊ နာရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲ အနှောက်အယှက်တွေနဲ့ ပတ်သက်ပြီး ပြောမယ်လို့ ရှင်းပြပါတယ်။

ဧရာဝတီ

No comments:

Post a Comment