address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 22, 2013

ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြုပ်နှံသူတွေ ထပ်ဖိတ်ဖို့ ထိုင်း-မြန်မာ သဘောတူ



22.11.2013

ထားဝယ်အထူးစက်မှုဇုံစီမံကိန်းမှာ ရင်းနှီးမြုပ်နှံသူတွေ ထပ်မံဖိတ်ခေါ်ဖို့ အတွက် ထိုင်းနဲ့ မြန်မာတို့ သဘောတူလက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ထိုင်း-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီတို့ အကြား လက် မှတ် ရေး ထိုး ခဲ့ တာ ဖြစ် ပြီး ရှေ့ မ တိုး သာ၊ နောက်မဆုတ်သာ ဖြစ်နေတဲ့ ထားဝယ် အထူး စက်မှုဇုံ စီမံကိန်း ရှေ့ဆက် သွား နိုင် ဖို့ အတွက် ရင်းနှီး မြုပ်နှံ သူတွေကို ထပ်မံ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။

ထားဝယ် စီမံကိန်းမှာ အဓိက ရင်းနှီးမြုပ်နှံခဲ့တဲ့ Italian-Thai ကုမ္ပဏီက ဒီစီမံကိန်းမှာ ပါဝင်မှုကို သိသိသာသာ လျော့ချဖို့ သဘောတူတဲ့အတွက် မြန်မာနဲ့ ထိုင်းတို့က အဓိက ကဏ္ဍမှာ ပြန်လည် လုပ်ဆောင်တာ ဖြစ်ပါတယ်။

Italian-Thai ကုမ္ပဏီက အဓိက နေရာမှာ ဆက်ယူရင် တခြားရင်းနှီးမြုပ်နှံသူတွေ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ စိတ်မဝင်စားကြတဲ့အတွက် Italian-Thai က နောက်ဆုတ် ပေးလိုက်တဲ့သဘော ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးဆက်အောင်က ပြောပါတယ်။

ဒီစီမံကိန်းမှာ ဂျပန်နိုင်ငံကပါ ရင်းနှီးမြုပ်နှံဖို့ အလိုရှိကြတဲ့အတွက် ဂျပန်စီးပွားရှင်တွေနဲ့ ဆွေးနွေးမှုလုပ်ခဲ့ကြပြီး ဂျပန်နိုင်ငံကလည်း စိတ်ဝင်စားမှု ပြခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုံ တည်ဆောက်ဖြစ်ခဲ့မယ်ဆိုရင် အရှေ့တောင်အာရှမှာ အရေးပါတဲ့ နေရာဖြစ်လာမှာဖြစ်ပြီး ဒီအထူးစက်မှုဇုံ စီမံကိန်းဟာ ဒေါ်လာ ဘီလီယံ ၅၀ လောက် ကုန်ကျမယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။

ဒီအထူးစက်မှုဇုံအတွင်း ဓာတ်မြေသြဇာစက်ရုံ၊ စတီးစက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ ရေနံသန့်စင်ရေးစက်ရုံနဲ့ ရေနက်ဆိပ်ကမ်းတို့ ထားရှိမှာ ဖြစ်ပါတယ်။


ABC

No comments:

Post a Comment