address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 27, 2013

ဆစ်ဒနီငြိမ်းချမ်းရေးဆု ရရှိခဲ့သူ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း


27.11.2013

ဒေါက်တာစင်သီယာမောင်ကို ၁၉၅၉ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင်နမ့်လှကြည်နှင့် ဖခင်မန်းငြိမ်းမောင်တို့မှ ရန်ကုန် တိုင်း၊ အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့သည်။ ကရင်လူမျိုးဖြစ်ပြီး ၈၈ကျောင်းသားအရေးအခင်းအပြီးတွင် ကရင်ပြည်နယ် အိန္ဒု ကျေးရွာတွင် တာဝန်ထမ်းဆောင်ရာမှ နယ်စပ်သို့ ထွက်ခွာခဲ့သည်။ ၁၉၈၉ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မယ် တော်ဆေးခန်းကို စတင်တည်ထောင်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ၊ မိဘမဲ့ကလေးများ၊ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးလျှက်ရှိသည်။


သူမသည် မယ်တော်ဆေးခန်းတွင် အခြားဆေးဝန်ထမ်းများနှင့်အတူ အခမဲ့ ဆေးကုသမှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၁၉၉၉ခု နှစ်မှစ၍ နိုင်ငံတကာက ပေးအပ်သည့် ဆုများရရှိသည့်အနက် ၂၀၀၂ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက ပေးအပ်သော အရှေ့တောင် အာရှရေမွန်မက်ဂ်ဆေးဆေး (Southeast Asia’s Ramon Magsaysay Award)ဆုသည် အထင်ရှားဆုံးဖြစ်သည်။ သူမသည် ၂၀၀၃ခုနှစ် Time Magazine ၏ အာရှနိုင်ငံ အာဇာနည်များစာရင်း၌လည်း ထည့်သွင်းရွေးချယ်ခံခဲ့ရပြီး မျက်မှောက်အချိန်တွင် သူမသည် နိုင်ငံတကာဆုပေါင်း ၂၀ခန့် ချီးမြှင့်ခံထားရသူလည်း ဖြစ်သည်။

မေး ။ ။ ပထမဆုံးအနေနဲ့ ဆရာမ အခုလို ဆစ်ဒနီငြိမ်းချမ်းရေးဆု ရတဲ့အပေါ်မှာ ဘယ်လိုခံစားရပါသလဲ။
ဖြေ ။ ။ အားလုံးအတွက် အလုပ်အတွက် လုပ်တာပဲဆိုတော့ အားလုံးအတွက် အကျိုးရှိတယ်လို့ပဲ ခံစားရတာပေါ့နော်။

မေး ။ ။ ဒီဆုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမှ ပေးတာလဲ။ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းကနေ ဆရာမကို ဘာကြောင့် ဒီဆုကို ပေးဖို့ ရွေးချယ်ခဲ့တာလို့ ထင်ပါသလဲ။
ဖြေ ။ ။ ဒီဆစ်ဒနီငြိမ်းချမ်းရေးဆုကတော့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စမှာ လူပုဂ္ဂိုလ်အမျိုးမျိုးကို ပေးပါတယ်။ ဒီနှစ်ပေးတဲ့ဆုဟာ ၁၆ကြိမ်မြောက်ပေါ့နော်။ ဒီ ၁၆ကြိမ်မြောက်မှာတော့ ကျန်းမာရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တရားမျှတမှုအပေါ်မှာ အခြေခံပြီးတော့ ပေးတာ ဖြစ်ပါတယ်။

မေး ။ ။ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ဒီဆုရဲ့ တန်ဘိုးရလဒ်အဖြစ် ဘာတွေပေးပါသလဲ။ အဲဒါကိုရော ဆရာမအနေနဲ့ ဘယ်လိုပြန်ပြီး အသုံးပြုသွားမယ်လို့ စဉ်းစားထားပါသလဲ။
ဖြေ ။ ။ ဆုငွေအနေနဲ့ သြစတြေးလျားဒေါ်လာ ၅သောင်းပေါ့နော်။ အဲဒါကတော့ ကျမတို့ နယ်စပ်မှာရှိတဲ့ လူထုအဖွဲ့အစည်း တွေအတွက် ရေရှည်အကျိုးရှိမယ့် အလုပ်အပေါ်မှာပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခု ဆုတံဆိပ် အမှတ်အသားအ နေနဲ့ ထရိုကီ(ဆုအမှတ်အသား)ပေးပါတယ်။

မေး ။ ။ သြစတြေးလျားနိုင်ငံမှာ ဆုသွားယူရတာနဲ့ ပတ်သက်ပြီး ဆရာမ အတွေ့အကြုံလေးကို ပြောပြပေးပါလား။
ဖြေ ။ ။ ဆုပေးတဲ့ အစီအစဉ်မှာတော့ ဒီဆစ်ဒနီယူနီဗဟာစတီ(ဆစ်ဒနီတက္ကသိုလ်)က ဌာနအချို့နဲ့ ဆစ်ဒနီမြို့တော်ဝန်တို့ တွဲပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလို ဆစ်ဒနီယူနီဗာစတီကရော၊ ဆစ်ဒနီမြို့တော်ဝန်တို့ တွဲပြီး စီစဉ်ဆောင်ရွက်တာ ဖြစ်တဲ့ အတွက် အားလုံးအဆင်ပြေပါတယ်။ နောက်ပြီး အခမ်းအနားအစီအစဉ်တဲ့အထဲမှာ ကရင်အဖွဲ့အစည်းတွေပေါ့နော်။ သူတို့က နွေးနွေးထွေးထွေး ကြိုဆိုသလို ဒုံးအကတွေနဲ့လည်း ကြိုဆိုဂုဏ်ပြုတဲ့ အစီအစဉ်တွေ လုပ်ပါတယ်။

မေး ။ ။ ဆရာမကို ဆစ်ဒနီငြိမ်းချမ်းရေးဆုပေးတဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းကို ဘာများ တုန့်ပြန်ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ သူတို့ကတော့ သြစတြေးလျားနိုင်ငံအနေနဲ့ စီစဉ်ထားတဲ့ ဒါ နိုင်ငံတကာ ဖြစ်တာပေါ့နော်။ ငြိမ်းချမ်းရေး၊ တရားမျှတ ရေးဆိုတာကို ကိုယ်စားပြုပြီးတော့ စီစဉ်တာဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတကာမှာရှိတဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တရားမျှတ မှုရှိတဲ့အရာကို ဦးစားပေးပြီးတော့၊ အလေးထားပြီးတော့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက်ကြောင့် လက်ရှိ မြန်မာနိုင်ငံအနေအ ထားနဲ့ ဖြစ်စဉ်၊ တခြားပဋိပက္ခဖြစ်တဲ့ နေရာတွေမှာပဲဖြစ်ဖြစ်ပေါ့နော်။ ဒီငြိမ်းချမ်းရေးဆောင်ရွက်တဲ့ ဖြစ်စဉ်တွေမှာ တရားမျှတမှုရှိ တယ်ဆိုတာကို ဦးစားပေးစဉ်းစားဖို့ ကျမတို့အားလုံးအတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ မြန်မာပြည်ဟာ ပြည်တွင်းငြိမ်းချမ်းရေး အပါအ၀င် အခု အပြောင်းအလဲတွေ လုပ်နေပါတယ်။ ဒီအပေါ်မှာ ဆရာမမြင် တဲ့ ရှုထောင့်လေးကို ပြောပြပေးပါလား။
ဖြေ ။ ။ မြန်မာပြည်ဟာ ပြောင်းလဲလာတယ်ဆိုပေမယ့် ပဋိပက္ခတွေ ရှိနေသေးတယ်။ ဒီပဋိပက္ခဖြစ်တဲ့အချိန်မှာ အဓိကတော့ လူထုက ထိခိုက်ခံစားရတဲ့အခါကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြီးကြပ်မှုအပိုင်း မှာဖြစ်စေ၊ ပါဝင်ဆွေးနွေးတဲ့အပိုင်းမှာဖြစ်စေ ပါဝင်လာဖို့လည်း လိုအပ်သလို အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေမှာ အရေးကြီးတဲ့အချက်ကတော့ အမျိုးသမီးတွေအနေနဲ့ ပိုပြီးတော့ ထဲထဲဝင်ဝင် ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ ရလာဖို့ ရှေ့ဆက် တစ်လျှောက်လုံးမှာ အခြေအနေပိုင်းတွေကော၊ နိုင်ငံရေးဆွေးနွေးရေးအပိုင်းတွေကာ၊ လူထုရဲ့ တည်ငြိမ်မှုနဲ့ ဘ၀လုံခြုံမှုအပိုင်း ကို ကြီးကြပ်တဲ့အခါတွေမှာ အမျိုးသမီးတွေ အများကြီးပါလာဖို့က အများကြီး ကြိုးစားလုပ်ရဦးမှာ ဖြစ်ပါတယ်။

KIC

No comments:

Post a Comment