address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 21, 2013

ကျိုက်သလ္လံစေတီတော်မြတ်ကြီးအရှေ့ဘက်စောင်းတန်းဓာတ်လှေကားတည်ဆောက်မှု ၉ဝ ရာခိုင်နှုန်းပြီးစီး




21.11.2013

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်နယ်မြေရှိ နာဂဝီသတောင်တန်းပေါ်တွင် တည်ထားကိုး ကွယ်လျက်ရှိသော ကျိုက်သလ္လံစေတီတော်မြတ် ကြီးသို့လာရောက်ကြသော ဘုရားဖူးဧည့်သည် တော်များ အဆင်ပြေမှုရှိစေရေးအတွက် စေတီ တော်ကြီး၏ အရှေ့ဘက်စောင်း
တန်းတော်ကြီး တွင် ဓာတ်လှေကားတစ်စင်းကို ၂ဝ၁၂ခုနှစ် ဇွန်လမှစ၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီး ကြပ်မှုဖြင့် အသစ်တည်ဆောက်လျက်ရှိရာ ၉ဝ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်၍ မကြာမီဖွင့်လှစ်
နိုင်တော့မည်ဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့မှ သိရသည်။

ယခုတည်ဆောက်လျက်ရှိသော ဓာတ်လှေ ကားမှာ ကျိုက်သလ္လံစေတီတော်ကြီး၏ ဒုတိယ မြောက် ဓာတ်လှေကားဖြစ်ပြီး ပထမဓာတ်လှေ ကားအား အနောက်ဘက်စောင်းတန်းတွင် ၁၉၉ဝ ပြည့်နှစ်က တည်ဆောက်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခု ဓာတ်လှေကားမှာ မြေပြင်မှအမြင့် ၁၃၂ ပေတွင် တည်ရှိပြီး လျှောက်လမ်းအရှည်မှာ ပေ ၂ဝဝရှိပြီး အကျယ်မှာ ၁ဝပေရှိကြောင်း၊ ယခုအရှေ့ဘက် စောင်းတန်းဓာတ်လှေကားကြီးတွင် တစ်ခန်းတွင် လူ ၁၆ဦးဆံ့ နှစ်ခန်းတွဲ ဓာတ်လှေကားနှစ်စင်း အား တပ်ဆင်သွားမှာဖြစ်ပြီး ဓာတ်လှေကားတွင် တပ်ဆင်မည့် စက်ပစ္စည်းများကို ကိုရီးယားနိုင်ငံ မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၉ဝဝဝ ကုန်ကျခဲ့ကြောင်း၊ စေတီတော်ဂေါပက အဖွဲ့ဘဏ္ဍာရေးမှူးဦးခင်မောင်ဝင်းကပြောသည်။

ကျိုက်သလ္လံစေတီတော်ကြီး၏ ဒုတိယ မြောက် ဓာတ်လှေကား တည်ဆောက်ခြင်းလုပ် ငန်းများအတွက် စုစုပေါင်းငွေကျပ်သိန်း ၅ဝဝဝ ကျော်ကုန်ကျမည်ဟုခန့်မှန်းထားပြီး လက်ရှိအချိန် တွင် ငွေကျပ်သိန်း ၄ဝဝဝကျော် ကုန်ကျခဲ့ပြီး ဖြစ်ကြောင်း၊ ဓာတ်လှေကားတည်ဆောက်ခြင်း လုပ်ငန်းများကို လာမည့်တပေါင်းလပြည်နေ့တွင် ပြီးစီးအောင်ကြိုးစားဆောင်ရွက်လျက်ရှိပြီး ဖွင့်ပွဲ အခမ်းနားတွင် လူ၁၅ဝကျော်ကို ဒုလ္လဘရဟန်းခံ ပွဲ၊ ဆရာတော်ကြီးများ၏ ဓမ္မသဘင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ¤င်းကဆက်လက်ပြောကြားသည်။

ကျိုက်သလ္လံစေတီတော် အရှေ့ဘက်စောင်း တန်းဓာတ်လှေကား
တည်ဆောက်ရေးလုပ်ငန်း များအတွက် အလှူငွေများလိုအပ်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင်ပြည်သူများ အနေဖြင့်
ပါဝင်လှူဒါန်းလိုပါကစေတီတော်ဂေါပက အဖွဲ့ ဥက္ကဋ္ဌဦးတင်အောင် ဖုန်း ဝ၅၇-၂၂၇၄၃၊ အတွင်းရေးမှူးဦးဟန်လွင်ဖုန်းဝ၉-၄၉၈ဝ၁ဝ၅၇၊ ဘဏ္ဍာရေးမှူးဦးခင်မောင်ဝင်း ဖုန်းဝ၉၅၃၂၂၃ဝဝ များသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment