address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 29, 2013

ကရင်တပ်များ ပူးပေါင်းမိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် နှစ်ကုန်အမီ မပြီးနိုင်

29.11.2013 

ကရင်ပြည်နယ်တွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းကာ မိုင်းရှင်းလင်းနေမှုများတွင် တပ်ဖွဲ့များကြား ကုန်စင်စွာ ရှင်းလင်းရန်မှာ DKBA ဘက်မှ အစည်းအဝေးများလာရောက်ရန် ပျက်ကွက်နေပြီး မိုင်းရှင်းလင်းရန် နယ်မြေများ ကျန်ရှိနေသည်ဟု ကရင်ပြည်နယ်တွင်း မိုင်းပူးပေါင်း ရှင်းလင်းရေးအဖွဲ့တွင် ပါဝင်သည့် ကရင်ပြည်နယ် နယ် ခြားစောင့်တပ်မှ ဗျူဟာမှူး ဗိုလ်မှူးနိုင်မောင်ဇော်က မဇိ္ဈမသို့ ပြောဆိုသည်။


“ရှိတဲ့ ကျန်နေတဲ့ နယ်မြေတွေမှာတော့ ဖော်နေလုပ်နေကြတာပဲ၊ ဒါပေမယ့်ီုဗြ ဘက်က အစည်းအဝေးတွေမှာပျက်
ကွက်လာတာတွေရှိတယ်၊ အဲ့ဒီတော့ သူတို့ဘက်က တာဝန်ယူရမယ့် အပိုင်းတွေမှာ ကျန်နေတာတွေရှိနေသေးတော့
အရင်ကပြောခဲ့သလို နှစ်ကုန်မှာ မိုင်းနယ်မြေတွေ အကုန်ရှင်းနိုင်မယ်ဆိုတာ မဖြစ်နိုင်တော့ဘူး”” ဟု ၎င်းက ပြောသည်။

ပူးပေါင်းဆောင်ရွက်သည့် ကော်မတီမှ အစည်းအဝေးများသို့ လာရောက်ရန် DKBA ဘက်မှ ပျက်ကွက်မှုများ ရှိနေပြီး နယ်မြေထိစပ်နေသည့် နေရာများတွင် မိုင်းရှင်းလင်းရန် ကျန်ရှိနေသည်ဟုလည်း ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။
အဆိုပါကိစ်္စနှင့် ပတ်သက်၍ DKBA ဘက်မှ ပြန်လည်ပြောကြားရာတွင် တပ်ဖွဲ့အားလုံးတို့၏ အစည်းအဝေးများသို့ မိမိတို့တာဝန်ခံများ မတက်ရောက်နိုင်ခဲ့သော်လည်း ကိုယ်စားလှယ်များ လွှတ်ကာ တက်ရောက်စေကြောင်း ပြောကြားသည်။

ကရင်ပြည်နယ် မိဆိုင်းဒေသတွင်း ကျန်ရှိနေသည့် မိုင်းများရှိရာ နယ်မြေမှာ DKBA နယ်မြေများဖြစ်ပြီး စစ်ဖြစ်ကာလတွင်း မြှုပ်လိုက်သည့် မိုင်းများမှာ ပြန်လည်တူးဖော်ရန် ခက်ခဲမှုများ ရှိနေခြင်းကြောင့် ကျန်ရှိနေခြင်းလည်းဖြစ်သည်ဟု
ကလို့ထူးဘောစစ်ဌာနချုပ် အခြေစိုက်၊ ကော့ကရိတ်တာဝန်ခံ ဗိုလ်ကြီး ကျော်သက်က ပြောသည်။

“မိုင်းတွေက မြှုပ်ပြီးသားမိုင်းတွေ တချို့တွေက ပြန်နုတ်လို့မရ ဖြစ်နေတာတွေရှိတယ်၊ စစ်ကာလမှာ မြှုပ်ထားတဲ့ မိုင်းတွေက အခုကျတော့ ဘေးနားတွေက မရှိတော့ဘူး၊ မိုင်းရဲ့ အဓိကနေရာ လောက်ပဲ ကျန်တော့တယ်၊ ပြန်ဖော်ဖို့
ခက်ခဲတော့ ပြန်တူးဖော်လို့ မရတာတွေ ရှိတယ်၊ အဲ့ဒါကြောင့် ကျန်နေဦးမယ်” ဟု ၎င်းက ပြောသည်။
မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များအား ဇွန်လပိုင်းတွင် စတင်ခဲ့ပြီး တပ်ဖွဲ့ဝင် ငါးဖွဲ့တို့ ပူးပေါင်းကာစတင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် နိုင်ငံရေးလုပ်ငန်းစဉ်အချို့ကိုလည်း တာဝန်ယူနေရသဖြင့် မိုင်းလုပ်ငန်းများအား ရပ်ဆိုင်း
ထားသည်ဟု ဆိုသည်။

မြေမြှုပ်မိုင်းများတွင် လက်လုပ်မိုင်း(သို့) ကန့်သတ်မိုင်း နှင့်စက်လုပ်မိုင်း ( စွန့်လွှတ်မိုင်း) ဟူ၍ ကရင်တပ်ဖွဲ့များတွင် စစ်ဖြစ်ကာလများအတွင်း နယ်မြေလုံခြုံရေးအဖြစ်

လက်လုပ်မိုင်းမှာ ဓာတ်ခဲဖြင့် ပြုလုပ်ထားသဖြင့် ကာလအားဖြင့် ခြောက်လ၀န်းကျင်ခန့်ပင် သက်တမ်းရှိပြီး စက်လုပ်မိုင်း (စွန့်လွှတ်မိုင်း)များမှာ အများဆုံး ကျန်ရှိနေခြင်း ဖြစ်သည်ဟု ကလို့ထူးဘော စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းထွန်းက ရှင်းလင်းပြောဆိုသည်။

စစ်ဖြစ်ကာလတွင်း အသုံးပြုခဲ့ကြသည့် လက်ကျန်မြေမြှုပ်မိုင်းများမှ အချို့တို့အား ပြန်လည်တူးဖော်ရန် မြေပုံများဖြင့် တူးဖော်နိုင်သော်လည်း အချို့ မြေမြှုပ်မိုင်းမြေပုံများကို တာဝန်ယူသူများမှာ တိုက်ပွဲအတွင်း ကျသွားသူများရှိသဖြင့်
အချို့နေရာများတွင် ပြန်လည်တူးဖော်ရန် အခက်အခဲများရှိနေသည်ဟု ကရင်လက်နက်ကိုင်တပ်ဖွဲ့များက ဆိုကြသည်။

သြဂုတ်လအတွင်းတွင် မြေနေရာ ပျောက်ဆုံးနေသည့် မြေမြှုပ်မိုင်းများအား ဖောက်ခွဲပစ်ခြင်းဖြင့် လည်းကောင်း၊ မသွားလာရနယ်မြေများအဖြစ် သတ်မှတ်ကာဆီးထားခြင်းများဖြင့် လည်းကောင်းဒေသခံများ မိုင်းထိခိုက်မှု မရှိစေရန် လုပ်ဆောင်မှုများ ရှိသည်ဟု DKBA မှ ဗျူဟာမှူးများ၏ ပြောကြားချက်အရ သိရသည်။

ကရင်ပြည်နယ်တွင်း တောတိုးကာ တောင်ယာလုပ်ကိုင်သူများ၊ မျှစ်ချိုးသူများနှင့် တပ်သားများမှာ နှစ်စဉ် မိုင်းထိ၍ ခြေပြတ်သူများ၊ ကိုယ်အင်္ဂါချို့တဲ့ သူများအထဲမှ မဲဆောက်မြို့၊ ထိုင်းနိုင်ငံတွင်းရှိ မယ်တော်ဆေးခန်းသို့ခြေတုလာရောက် တပ်ဆင်သူများမှာ နှစ်စဉ် ၁၀၀ ကျော်နှင့်အထက် ရှိနေသည်ဟု မယ်တော်ဆေးခန်းမှ ခြေတုလက်တု တပ်ဆင်ရေးဌာနမှ ဦးမိုကဲက မဇိ္ဈမသို့ ပြောသည်။

မိုင်းရှင်းလင်းရေး နှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဇွန်လပိုင်းလောက်တွင် ပူးပေါင်းကာပြန်လည် ရှင်းလင်းရန် တစ်လတစ်ကြိမ် အစည်းအဝေးများ ပြုလုပ်ကာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ကရင်ပြည်နယ်တွင်းရှိ ကလို့ထူးဘောစစ်ဌာ
နချုပ် DKBA၊ KNU၊ နယ်ခြားစောင့်တပ် KNU/KNLA (Pc)၊ ဘုရားကုန်း ဗိုလ်ချုပ်အောင်ဆန်း တပ်ဖွဲ့တို့မှ ပူးပေါင်းကာ မိုင်းရှင်းလင်းရေး၊ မူးယစ်ဆေးဝါး ရှင်းလင်းရေးများအား တပ်ဖွဲ့ဝင်များမှ ကိုယ်စားလှယ်များဖြင့် ပြန်လည် ဖွဲ့
စည်းဆောင်ရွက်နေခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment