address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 21, 2013

ထိုင်း​တောင်​ပိုင်း ​ဖူး​ခက်​တွင် ​မူး​ယစ်​ဆေး​၀ါး​မှု​ဖြင့် ​မြန်​မာ​အ​လုပ်​သ​မား ၅ ​ဦး​ကို ​ဖမ်း​ဆီး


21.11.2013

ထိုင်း​နိုင်​ငံ​တောင်​ပိုင်း ​ဖူး​ခက်​ခ​ရိုင် ​ထ​လန်​မြို့​မှာ ​ဘိန်း​စာ​ရွက်​နဲ့ ​ဆေး​ခြောက်​တွေ ​ရောင်း​ချ​နေ​တဲ့ ​မြန်​မာေ​ရွှ့​ပြောင်း​အ​လုပ်​သ​မား ၅ ​ဦး​ကို ​ထိုင်း​မူး​ယစ်​ရဲ​တပ်​ဖွဲ့​၀င်​တွေ ၀င်​ရောက်​ဖမ်း​ဆီး​ခဲ့​ကြောင်း ​မန်​နေ​ဂျာ​အွန်​လိုင်း ​ထိုင်း​သ​တင်း​မှာ ​ဖော်​ပြ​သွား​ပါ​တယ်။


အ​မှတ် ၅ ​ခ​ရိုင် ​ရဲ​တပ်​ဖွဲ့​က ​ရဲ​မှူး​ကြီး ၀ပ်​ချ​ရ​ဖွန်း​က ​သ​တင်း​ထောက်​တွေ​ကို ​ပြော​ကြား​ချက်​အ​ရ ​တ​လန်​မြို့ ​ချိန်း​ထ​လေး​ရပ်​ကွက်​က   ​မြန်​မာ​အ​လုပ်​သ​မား​တွေ ​နေ​ထိုင်​ရာ ​တန်း​လျား​မှာ ​ဘိန်း​စာ​ရွက်၊ ​ဆေး​ခြောက်​နဲ့ ​ချောင်း​ဆိုး​ပျောက်​ဆေး​တွေ ​ရောင်း​ချ​နေ​ကြောင်း​  ​တာဝန်​သိ ​ပြည်​သူ​တွေ​က  ​ရဲ​စ​ခန်း​ကို ​စာ​ရေး​တိုင်​တန်း​ခဲ့​တာ​မှာ ​အ​ရပ်ဝတ်​ရဲ​တွေ​က ​အ​ရင်​စုံ​စမ်း​ပြီး ​နိုဝင်​ဘာ​လ ၂၀ ​ရက်​နေ့​က ၀င်​ရောက်​ဖမ်း​ဆီး​ခဲ့​တာ​လို့ ​ဆို​ပါ​တယ်။

အဲ​ဒီ​ဖမ်း​ဆီး​မှု​မှာ ​မြန်​မာ​အ​လုပ်​သ​မား ၅ ​ဦး​ဖြစ်​တဲ့ ​ကို​ဇော် ၃၃ ​နှစ်၊ ​ကို​မင်း ၃၆ ​နှစ်၊ ​ကို​အက် ၂၄ ​နှစ်၊ ​ကို​နိုင် ၂၈ ​နှစ် ​နဲ့ ​ကို​ဆောင်း ၂၈ ​နှစ်​တို့​ဆီ​က ​ဘိန်း​စာ​ရွက်  ​အ​လေး​ချိန် ၁၁ ​ကီ​လို​ဂ​ရမ်၊ ​ဆေး​ခြောက် ၁ ​ဂ​ရမ်​နဲ့ ​မူး​ယစ်​ဆေး​၀ါး​သုံး​စွဲ​ရာ​မှာ ​အ​သုံး​ပြု​တဲ့ ​က​ရိ​ယာ​တွေ​ပါ ​ဖမ်း​ဆီး​ရ​မိ​တယ်​လို့ ​ရဲ​မှူး​ကြီး​က ​ပြော​ပါ​တယ်။

သူ​တို့ ၅ ​ဦး​စ​လုံး​ကို  ​အ​မှတ် ၅ ​အ​ဆင့် ​ပြင်း​အား​ရှိ​တဲ့ ​မူး​ယစ်​ဆေး ​လက်ဝယ်​တွေ့​ရှိ​မှု​နဲ့ ​အ​ရေး​ယူ​မှာ​ဖြစ်​တဲ့​အ​ပြင် ​သူ​တို့​ထဲ​က ၃ ​ဦိး​မှာ ​လက်​မှတ်​အ​ထောက်​အ​ထား ​မ​ရှိ​တဲ့​အ​တွက်  ​ထိုင်း​နိုင်​ငံ​ထဲ ​တ​ရား​မ၀င် ၀င်​ရောက်​နေ​ထိုင်​မှု​နဲ့​ပါ ​အ​ရေး​ယူ​ခံ​ရ​မယ်​လို့ ​ရဲ​မှူး​ကြီး​က ​သ​တင်း​ထောက်​တွေ​ကို ​ပြော​သွား​ပါ​တယ်။

DVB

No comments:

Post a Comment