address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 28, 2013

မြဝတီမြို့ ဂေါက်ကွင်းစားသောက်ဆိုင်မှာ ပစ်ခတ်မှုဖြစ်

28.11.2013

မြဝတီဂေါက်ကွင်း မြစန္ဒီစာသောက်ဆိုင်မှာ သေနတ်ဖြင့်ပစ်ခတ်မှုတခု ဒီကနေ့ နေ့လည် ၁၂ နာရီခန့်မှာ ဖြစ်ပွားခဲ့ပါတယ်။ အပစ်ခံရသူမှာ မြဝတီမြို့က ကသစ်ရေသန့်ပိုင်ရှင် ကိုမျိုးအောင် အသက် ၄၃ နှစ် ဖြစ်ပါတယ်။

ဖြစ်ပွားပုံမှာ အပစ်ခံရသူဟာ စားသောက်ဆိုင်မှာ ထိုင်နေတဲ့အချိန် ဆိုင်ကယ်အနီရောင်၊ ခေါင်းဆောင်းဦးထုပ်အနီနဲ့ လူတယောက် ၄.၅ ပစ္စတိုနဲ့ တချက်ပစ်ခဲ့ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ကိုမျိုးအောင်မှာ ဘယ်ဘက်ဝမ်းဘက်ပေါက်ထွက်တဲ့ ဒဏ်ရာရရှိခဲ့ကာ မြဝတီဆေးရုံကြီးမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေ စိုးရိမ်စရာရှိတယ်လို့လဲ သိရှိရပါတယ်။
ကသစ်ရေသန့်လုပ်ငန်းကို ဖုန်းဆက်မေးမြန်းကြည့်ပေမယ့် မည်သို့မှအကြောင်းပြန်ကြားချင်းမရှိဘဲ ဖုန်းချသွားပါတယ်။ မြဝတီမြို့ ရဲစခန်းကို ဆက်သွယ်ကြည့်တဲ့အခါမှာလဲ ဆက်သွယ်လို့မရဘဲ ဖြစ်နေပါတယ်။ မြဝတီက နယ်ထိန်းအင်ချပ်တဦးကို ဆက်သွယ်ကြည့်ရာမှာတော့ သူက မြဝတီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ ရောက်နေလို့ အခြေအနေကို မသိရသေးကြောင်း ဖြေကြားပါတယ်။
အခြေအနေကို မြဝတီ စေတနာနာရေးအသင်းက တာဝန်ရှိသူတဦးကတော့ သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာနဲ့ ဒဏ်ရာရသူကို ဆေးရုံကြီးပို့ထားတဲ့ကိစ္စကိုတော့ အတည်ပြု ပြောကြားသွားပါတယ်။
အပစ်ရပ်ငြိမ်းချမ်းရေးတခုအဖွဲ့မှ တာဝန်ရှိသူတဦး ပြောကြားတာကတော့ “ဒီမြို့က လက်နက်ကိုင်အဖွဲ့တွေလဲပေါတယ်။ ဖြစ်လာရင် လက်နက်ကိုင်အဖွဲ့တွေကို မျက်စောင်းထိုးခံရတယ်။ ဒီလို ပစ်တာခတ်တာဖြစ်ရင် လက်သည်တရားခံကို အမြန်ဖမ်းမိဖို့လိုတယ်။ နမိုဆို သူလိုလို ကိုယ်လိုလိုနဲ့ မကောင်းဘူးပေါ့ဗျာ။ လူထုယုံကြည်မှုကျတာပေါ။ ဖြစ်နိုင်ရင် တရားခံကို အမြန်ဖမ်းမိစေချင်တယ်။ ဒီမှာ ဒီလိုပဲ ခဏခဏဖြစ်တယ်။ တော်ကြာ ပစ်ပြန်ပြီး၊ တော်ကြာ ရွှေဆိုင်ဓားပြတိုက်ပြန်ပြီ၊ ခဏ ခဏပဲ ဖြစ်နေတယ်။ အရေးကြီးတာ တရားခံကို မိပြီး ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းရှင်း ဖြစ်ဖို့လို့တယ်။ အဲဒါပါပဲ” လို့ ပြောပြသွားပါတယ်။
ပစ်ခတ်သွားသူကို ဖမ်းမမိသေးကြောင်းနဲ့ မြဝတီမြို့ဝင်ပေါက်ထွက်ပေါက်တွေကို လုံခြုံရေးအရ တင်းကြပ်ထားတယ်လို့ မြဝတီမြို့သားတဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

Nayt Thit

No comments:

Post a Comment