address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 27, 2013

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီနှင့် နိုင်ငံရေး ပါတီ များ တွေ့ဆုံဆွေးနွေးမှု ရလဒ်ကို နိုင်ငံတော်သမ္မတထံတင်မည်


27.11.2013

ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် နိုင်ငံရေးပါတီ ၁၁ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ သည့် မြန်မာ့နိုင်ငံရေး နှင့်ပတ်သက်ပြီး ဆွေးနွေးမှုရလဒ် များကို ပြည်ထောင် စု ဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော်သမ္မတ ထံ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို နိုဝင် ဘာ၂၁ရက်မှ၂၄ရက်အထိ ချင်း မိုင်မြို့ တွင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲ၏ရလဒ်ကို တက် ရောက်ခဲ့သူများ က မြန်မာငြိမ်း ချမ်းရေးစင်တာတွင် ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း အပါအ ဝင် ငြိမ်းချမ်ရေးအကျိုးဆောင် များနှင့် တွေ့ဆုံဆွေးနွေးအပြီး ယင်း၏ရလဒ်ကို ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ယင်းကဲ့ သို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းမိုင်တွင်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၏ရလဒ်ကို တက်ရောက် ခဲ့သည့် နိုင်ငံရေးပါတီ များကလည်း ကျေနပ်အားရမှုရှိခဲ့ကြောင်း ယင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများအသိုင်းအဝိုင်း မှ သိရသည်။
ယင်းဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် က ''ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းကို သွားဖို့အတွက် အစိုးရနဲ့သူတို့ ရည်ရွယ်ချက်ခြင်း တူတယ်။ အပစ်အခတ်ရပ်စဲရေး အရင်လုပ်မလား၊ နိုင်ငံရေးဆွေး နွေးပွဲအရင်လုပ် မလားဆိုတဲ့ကိစ္စ နဲ့ပတ်သက်ပြီး သဘောထားကွဲ လွဲချက်ရှိပေမယ့် ပြဒါး တစ်လမ်း ၊ သံတစ်လမ်းတော့မဟုတ်ဘူး။ ဒါ ညှိလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

သဘောထားကွဲလွဲနေသည့် အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံ ရေးဆွေးနွေးပွဲ အား တစ်ပြိုင်နက် တည်း လုပ်ဆောင်သွားရန် ယင်း ဆွေးနွေး ပွဲတွင် ဆွေးနွေး ခဲ့ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

ဦးဇော်အေးမောင်က ''UNFC ဘက်က နိုင်ငံရေးဆွေး နွေးပွဲကိုလုပ်ရင်းနဲ့ တစ်ပြိုင်တည်း အပစ်အခတ်ရပ်စဲရေးကို လုပ် ဆောင်သွားမယ်လို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပစ်အ ခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေး ပွဲကို လုပ်မယ် ဆိုရင် အရင်စစ်အစိုး ရလက်ထက်ကလိုဖြစ်မှာကို သူတို့ ဘက် က စိုးရိမ်နေတာဖြစ်တယ်။ဦးအောင်မင်းကလဲ ဒီကိစ္စက ဖြေ ရှင်းလို့ရတဲ့ ကိစ္စပါ လို့ပြောတယ်'' ဟုပြောသည်။

ချင်းမိုင်ဆွေးနွေးပွဲတွင် UNFC အဖွဲ့ဝင်များသည် ပြည် ထောင်စုမှ မည်သည့်အခါမှ ခွဲ ထွက်မည်မဟုတ်ကြောင်းကို တ ရားဝင်ပြောကြားခဲ့ သည်ဟု ဆွေး နွေးပွဲ တက်ရောက်ခဲ့သူများက ပြောသည်။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေ စီပါတီမှ အထွေထွေအတွင်းရေး မှူး ဦးမျိုးညွန့်က ''သူတို့အနေနဲ့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဘူးလို့ပြောတယ်။ အဲဒီ အချက်ကိုတော့ အားရမှုအရှိဆုံး ပဲ''ဟု ချင်းမိုင်ဆွေးနွေးပွဲရလဒ် များနှင့်ပတ်သက်၍ ပြောသည်။

ယင်းဆွေးနွေးပွဲတွင် အာ ဏာ ခွဲဝေမှု၊ အရင်းအမြစ်ခွဲဝေမှု၊ ဒီမိုကရေ စီပြုပြင်ဖော်ဆောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် တိုင်း ရင်းသား များအရေးတို့ကို ဆွေး နွေးခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများထံမှ သိရ သည်။

Yangon Media Group

No comments:

Post a Comment