address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, November 23, 2013

DKBA ၏ ဖိတ်ကြားမှုဖြင့် ဦးကျော်သူက ကရင်ပြည်နယ်တွင် လူထု အသိပညာပေးဟောပြောပွဲများ ပြုလုပ်မည်




23.11.2013

DKBA အဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး၏ ဖိတ် ကြားမှုဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ ကရင် ပြည်နယ် ရှိ မြို့နယ် များသို့သွား ရောက်ကာ လူထုအသိ ပညာပေး ဟောပြောပွဲများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ၏တစ်ပတ်ကြာ ကရင်ပြည်နယ်ခရီး စဉ်ကို နိုဝင်ဘာ ၂၃ရက်မှစတင် ကာ ထွက်ခွာမည်ဖြစ်ပြီး ခရီးစဉ် အတွင်း လူထုပညာပေးရေး ဟော ပြောပွဲ များ ပြုလုပ်သွား မည်ဖြစ် ကြောင်းနှင့် မကြာမီကလည်း ကချင်ပြည်နယ်ဒေသများသို့ သွား ရောက်ကာ လူထုအသိပညာပေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့ အသိပညာပေး ဟောပြောပွဲများ ဆက်လက်ပြု လုပ်သွားရန်ရှိကြောင်း ဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။

''ခရီးစဉ်တွေကတော့ တောက်လျှောက်ရှိတယ်။ သူတို့က လာပါလို့ဖိတ်လို့ ကရင်ပြည်နယ် ဘက်ကိုသွားပြီး အသိပညာပေး ဟောပြောတာတွေ လုပ်သွားမှာ ပါ။ အရင်ကလိုတော့ ပွဲတွေလုပ်ရ မခက်တော့ပေ မယ့် စောင့်ကြည့် ခံရတာတွေကတော့ ရှိပါသေး တယ်''ဟု ပြောကြားသည်။

အယူသီးမှုများနှင့်ပတ်သက် သည့် အသိပညာပေးမှုများကို နာရေး ကူညီမှုအသင်း စတင်ဖွဲ့ စည်းခဲ့သည့် ၂၀၀၁ခုနှစ်မှ စတင် ကာ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မြို့သစ် စသည့်မြို့ရွာပေါင်း ၅၀ တွင် ဟောပြောနိုင်ခဲ့ပြီး ၂၀၀ရ ခုနှစ်နောက်ပိုင်းတွင် ခွင့်ပြုမိန့် ပိတ်ပင်ခံထားခြင်းများရှိခဲ့ပြီး ယ ခုအချိန်တွင် ဦးကျော်သူ၏ မြို့ ကြီးများသို့သွားရောက်ကာ လူမှု ကူညီမှုလုပ်ငန်းများနှင့်အတူ လူ ထုကို အသိပညာပေးဟောပြော ပွဲများ၊ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်သည်။

YMG

No comments:

Post a Comment