address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, November 23, 2013

ထိုင်းငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံရသည့် မြန်မာရေလုပ်သား များအား ပြန်လည်ကယ်ဆယ်ရန် သတင်းအချက်အလက် ကောက်ယူပြီး လုပ်ဆောင်မည်



23.11.2013

ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံရသည့် မြန်မာရေလုပ်သားများအား ပြန်လည်ကယ်ဆယ်ရန် အတွက် သတင်းအချက်အလက် ကောက်ယူပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ပြောကြားသည်။

နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ တရားစီရင်ရေး အပိုင်းတွင် မြန်မာ- ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အတွက် နိုဝင်ဘာလလယ် အတွင်းက ရန်ကုန်မြို့၌ ဆွေးနွေးရာတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက် ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ပြောကြား ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ခင်မောင်လှက ပြောကြားသည်။

''ကျွန်တော်တို့ နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ သူတို့က ထိုင်းငါးဖမ်းလှေပေါ်မှာ လူကုန်ကူးခံရတဲ့ သူတွေကို ပြန်လည် ကယ်ဆယ်ဖို့အတွက် Data ကောက်တာတွေ လုပ်နေတယ်။ နောက်ငါးဖမ်းထွက် လှေတွေကိုလည်း စစ်နေတယ်လို့ ပြောတယ်။ အလုပ်သမားတွေရဲ့ အချက်အလက် တွေကိုလည်း စစ်တမ်းကောက်နေတယ်'' ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ပြောကြားသည်။

လက်ရှိတွင် ထိုင်းငါးဖမ်းလှေများပေါ်၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားအဖြစ် လူကုန်ကူးခံရသူ အများအပြားရှိကြောင်း သိရသည်။

ထိုင်းငါးဖမ်း လှေများပေါ်တွင် လူကုန်ကူးခံရသည့် မြန်မာများနှင့် ပတ်သက်၍ ''အဲဒါက ဖြေရှင်းဆောင်ရွက်တဲ့ နည်းနှစ်နည်း ရှိပါတယ်။ ပထမတစ်ချက်က ဖမ်းဆီးမယ်။ ခက်ခဲတာက ပင်လယ်ထဲမှာ ရှိတဲ့အတွက် ဘယ်နေရာမှာ ရှိလဲဆိုတာက ခက်ခဲပါတယ်။ ဒုတိယက စင်တာတစ်ခု ဖွင့်လှစ်ထားပါတယ်။ အဲဒီမှာ အသိပညာ ပေးပါတယ်။ အဲစင်တာကနေ သွားတဲ့သူတွေဟာ တရားဝင် သွားတဲ့သူတွေ ဖြစ်ပါတယ်။ ငါးဖမ်းသင်္ဘောထွက်တဲ့ ကမ်းခြေမြို့တိုင်းမှာ အဲဒီစင်တာမျိုး ၁၇ ခု ဖွင့်လှစ်ထားပါတယ်'' ဟု ထိုင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် Mr.Wanchal Roujanavong က လူကုန်ကူးမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် မီဒီယာများအား ယင်းကဲ့သို့ ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ လူကုန်ကူးခံရသည့် မြန်မာများမှာ ထိုင်းနိုင်ငံရှိ ငါးဖမ်းရေယာဉ် များပေါ်တွင် အလုပ်သမားအဖြစ် ခိုင်းစေခံရခြင်းများ ရှိသည့်အပြင် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရခြင်းများနှင့် အခြားရော်ဘာ လုပ်ငန်းနှင့် အလုပ်ရုံ၊ စက်ရုံများတွင် လူကုန်ကူးခံရမှုများ ရှိကြောင်း လူမှုကူညီ စောင့်ရှောက်ရေး အဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment