address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 28, 2013

ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ ကရင်နှစ်သစ်ကူး ပွဲတော် ရွှေကုက္ကိုလ်မြိုင် တွင် ကျင်းပမည်


28.11.2013


ဇန်နဝါရီ ၁ ရက်တွင်ကျရောက်မည့် ကရင် နှစ်သစ် ကူးနေ့အား ကမ္ဘာလုံးဆိုင် ရာနှစ်သစ်ကူးပွဲတော်အဖြစ် က ရင်ပြည်နယ် မြဝတီမြို့နယ် ရွှေ ကုက္ကိုလ်မြိုင်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပွဲတော်တွင် အမျိုးဂုဏ် ကိုဆောင်ခဲ့ကြသော ကရင်တိုင်း ရင်းသားခေါင်းဆောင်များ၊ ပညာရှင်များနှင့် အလွှာအသီး သီးမှ ထူးချွန်သည့်ကရင်တိုင်း ရင်းသားလူငယ်များအား ထူးချွန် ဆုများချီးမြှင့်သွားမည်ဖြစ်သည်
''ခေတ်အဆက်ဆက်က ထူး ချွန်တဲ့ သမ္မတမန်းဝင်းမောင်၊ ဗိုလ်ချုပ်ကြီး စမစ်ဒွန်း၊ ကရင် တော်လှန်ရေးခေါင်းဆောင် စော ဘဦးတို့အပါအဝင် ပညာရှင်တွေ နဲ့ အလွှာအသီးသီးကသူတွေကို ဂုဏ်ပြုလွှာနဲ့ရွှေတံဆိပ်တွေ ချီး မြှင့်သွားမှာပါ''ဟု ဆုရွေးချယ်ရေး ဆပ်ကော်မတီဝင် လှိုင်းဘွဲ့မြို့နယ် မဲဆမိတ်ကျောင်းမှ ဆရာတော် အရှင်စန္ဒာရက မိန့်ကြားသည်။
ယခုနှစ်ကျင်းပမည့် နှစ်သစ် ကူးပွဲတော်သည် ကျေးဇူး ရှင် တောင် ကလေးဆရာတော်အရှင် ပညာသာမိ၏အစီအစဉ်ဖြစ်ပြီး ဆရာတော်၏ လမ်းညွှန်မှုနှင့်အ တူ ထူးချွန်သူများအားရွေးချယ် သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ဘားအံမြို့နယ် တောင် ကလေးကျောင်း တိုက်၌ ပြုလုပ် ခဲ့သည့်ဆွေးနွေးပွဲမှ သိရသည်။
အဆိုပါ နှစ်သစ်ကူးပွဲတော် ကို ကရင်ပြည်နယ်အတွင်းရှိ မြို့ နယ်ငါးမြို့နယ် က စုပေါင်းကျင်းပ ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ က ရင်တိုင်းရင်းသား များအပါအ ဝင် ကရင်လက်နက်ကိုင်အဖွဲ့အ စည်းများလည်း ပူးပေါင်း တက် ရောက်ကြမည်ဖြစ်သည်။ ယခု ပွဲတော်သည် ကရင်အမျိုးသား များ၏ သမိုင်းတွင် တစ်ကြိမ်မျှ မပြုလုပ်နိုင်ခဲ့၍ ကရင်တိုင်းရင်း သားတို့အတွက် ပထမဆုံး အကြိမ် ထူးချွန် ကရင်အမျိုးသားဂုဏ်ပြု ပွဲကြီး တစ်ခုဖြစ်လာမည်ဖြစ်သည်။

YMG

No comments:

Post a Comment