address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 24, 2013

One stop service Centre ဖွင့်လှစ်မှု ရပ်ဆိုင်းထားမှုကြောင့် ထိုင်းရှိ ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲဖြစ်နေ

24.12.2013

ထိုင်းနိုင်ငံရှိ One stop service Centre ဖွင့်လှစ်မှု ရပ်ဆိုင်းထားခြင်းကြောင့် ဗီဇာသက်တမ်းကုန်ဆုံးနေ သည့် မြန်မာအလုပ်သမားများမှာ အခက်အခဲကြုံတွေ့နေရကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ် သမား အခွင့်အရေးကွန်ရက်မှ သိရသည်။


" စခန်းတွေကို ရပ်ဆိုင်းထားတယ် ဆိုတာပဲသိတယ်။ ဘာထုတ်ပြန်ချက်မှလည်း မကြားရဘူး။ ဟိုဘက်မှာ က ကောလာဟလတွေပဲ အများကြီးဖြစ်နေတယ်။ သက်တမ်းကုန်ဆုံးနေတဲ့ အလုပ်သမားတွေ က မြန် မာပြည်ထဲကိုပဲ ပြန်လာရမလိုလို ဖြစ်နေတယ်။ဟိုမှာကျတော့လည်း ထိုင်းရဲတွေဖမ်းမှာကြောက်ပြီး ပုန်းနေရတယ်။ ဒီကြားထဲ ပွဲစားတွေက သက်တမ်းတိုးပေးမယ်ပြော၊ ပတ်(စ်)ပို့ လုပ်ပေးမယ်ပြော နဲ့ တော်တော်အခက်အခဲကြုံနေရတယ်"ဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန် ရက် မှ အတွင်းရေးမှူး ကိုစိန်ဌေးက ဆိုသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ထိုင်းမှာ အခြေအနေ ရှုပ်ထွေးနေတဲ့အတွက် One stop service Centre ဖွင့်မယ်အစီအစဉ်ကို လောလောဆယ် ရပ်ဆိုင်းထားပါ တယ်။ ပြန်ဖွင့်နိုင်ဖို့ကို စီစဉ်နေပါတယ်။ ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာတော့ မသိရသေးပါဘူး" ဟု ပြော ကြား ခဲ့သည်။

ထိုင်းနိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် One stop service Centre မှု အစီအစဉ်ကို ယာယီရပ်ဆိုင်းထား ပြီး လက် ရှိအချိန်အထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိကြောင်း သိရသည်။

EMG

No comments:

Post a Comment