address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 24, 2013

တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များနဲ့ ဝန်ကြီး ဦးအောင်မင်း တွေ့ဦးမည်

24.12.2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ေ ဆာင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုလ ၂၉ ရက်နေ့ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။


နှစ်ဖက်ခေါင်းဆောင်တွေ အဲဒီလို တွေ့ဆုံဆွေးနွေးမှာနဲ့ ပတ်သက်ပြီး NCCT အဖွဲ့က ကော်မတီဝင် တစ်ဦးဖြစ် တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခုလို အတည်ပြု ပြောဆိုပါတယ်။

"သူတို့လာမယ်ပြောတယ်၊ တကယ်လာမှာက ၂၆ ရက်နေ့ကတည်းက လာမယ်၊ ဒါပေမဲ့ ဘုရားဖူး၊ အနား ယူ၊ အပန်းဖြေ၊ ကျနော်တို့ကိုကတော့ ၂၉ မှ တွေ့မယ်။ တွေ့သော်လည်းပဲ အလွတ်သဘောတွေ့ မယ်၊ ဆွေးနွေးတဲ့ဟာ ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လေ၊ အဲ့စာ ချုပ်ရေးနေ တာ၊ ဟိုး လိုင်ဇာ၊ မြစ်ကြီးနားမှာ ရေးတယ်၊ အဲ့ဒါကို ပြန်ရေးတယ်၊ ရေးပြီးတာနဲ့နောက် ရန်ကုန်ကို သွားပြတယ်၊ ဟိုက တချို့သဘောထားပြန်ပေးတယ်၊ ပြန်ရေးတယ်၊ ၂၉ ရက်နေ့ ပြန်ပြမယ်၊ ပြီးရင် လောခီးလာမှာ ပြန်ရေးမယ် မပြီးတတ်သေးဘူး၊ ဘယ်လိုမှ ပြလို့လည်း မရသေးဘူး။ ရှုတ်ရှက် ခတ်နေတယ်"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ NCCT အဖွဲ့ဝင် ခေါင်းေ ဆာင်တွေဟာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် မူကြမ်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ဆုံး သဘောတူ ထား တဲ့အချက်တွေကို ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ကို ပြန်ပြီး တင်ပြဆွေးနွေးသွားမှာ ဖြစ် တယ်လို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲကို ၀န်ကြီး ဦးအောင်မင်းနဲ့အတူ စစ်ဖက်ဆိုင်ရာ တာဝန်ရှိ သူတချို့ လိုက်ပါလာမယ်လို့ သိ ထားရပေမဲ့ ဘယ်သူဘယ်ဝါ ပါဝင်ကြမယ် ဆိုတာကိုတော့ အတိအကျပြောဆိုဖို့ ခက်နေသေးကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

RFA

No comments:

Post a Comment