address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 11, 2013

နိုဗယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတု လက်နက် တားဆီး ကာကွယ် ရေး အဖွဲ့ (OPCW)က ရရှိသွား



11.10.2013

အောက်တိုဘာ ၁၁ ရက်နေ့ ချီးမြင့်တဲ့ ၂၀၁၃ ခုနှစ်အတွက် နိုဗယ်လ် ငြိမ်းချမ်းရေးဆုကို နယ်သာလန် နိုင်ငံ ဟေ့ဂ် အခြေစိုက် ဓာတု လက်နက်တွေကို စောင့်ကြည့်နေတဲ့ ဓာတု လက်နက် တားဆီး ကာကွယ် ရေး အဖွဲ့ (OPCW)က ရရှိသွားပါတယ်။ ဓာတုလက်နက် ဖျက်သိမ်းရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်တဲ့ အတွက် အခုလို ချီးမြင့်တာ ဖြစ်တယ်လို့ နိုဗယ်လ်ဆု ရွေးချယ်ရေး ကော်မတီက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့အခမ်းအနားမှာကြေညာပါတယ်။ 

(OPCW)အဖွဲ့ကို ၁၉၉၇ ခုနှစ် ဧပြီမှာ တည်ထောင်ခဲ့တာ ဖြစ်ပြီးတော့ အဖွဲ့ဝင်နိုင်ငံ ၁၉ ၀ နိုင်ငံ ပါဝင်ပါတယ် ။ အင်ဂိုလာ ။ မြန်မာ အီဂျစ် ။ အစ္စရေး ။ မြောက်ကိုရီးယား နဲ့ တောင်ဆူဒန်တို့ ကတော့ အဖွဲ့ ဝင် အဖြစ်မပါဝင်ထားပါဘူး။

ရန်ပုံငွေ ယူရို ၇၄ သန်း ရှိပီး ၀န်ထမ်း ၅၀၀ လောက် နဲ့  တာဝန် ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ နယ်သာလန် နိုင်ငံ သည်ဟိတ်မှာ ဌာချူပ်ရှိပါတယ်။ OPCW ရဲ့ အကြီးအကဲ ညွန်ကြားရေးမှူးချူပ် ကတော့ တူရကီနီုင်ငံသား အာမက် အူဆီမူရှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာကုလသမဂအဖွဲ့ဝင်မဟုတ်ပေမယ့် ဓာတုလက်နက်နဲ့ဆိုင်တဲ့အရေးကိစ္စတွေမှာ မူဝါဒချမှတ်ရာမှာရောလက်တွေ့လုပ်ဆောင်ရာမှာပါကုလသမဂနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

၂၀၁၃ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် လျာထားစာရင်းမှာတော့ အမျိုးသမီးရဲ့ ပညာရေးနဲ့ အမျိုးသမီးအခွင့် အရေးကို ဆောင်ရွက်နေတဲ့ အသက် ၁၆ နှစ်အရွယ် မာလာလာ ယူဆွတ်ဆေး၊ အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ၀ီကီလိဒ် အင်တာနက်စာမျက်နှာကို ပေးအပ်ခဲ့တယ်လို့ စွဲဆို ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ချဲလ်ဆီးဘရက်လေ မန်းနင်း၊ အကြမ်းမဖက် နိုင်ငံရေး အံတုနည်း ဗျူဟာတွေနဲ့ အာဏာရှင်စနစ်အောက် က ဒီမိုကရေစီရေးအတွက် ကမ္ဘာတ၀ှမ်းမှာ ရုန်းကန် တိုက်ပွဲ ၀င်သူတွေ အပေါ် သြဇာလွှမ်းခဲ့တဲ့ အမေရိကန် လူမျိုးပညာရှင် ဂျင်းရှပ် စသူတို့ ရွေးချယ်ခံထားရတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

No comments:

Post a Comment