address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 11, 2013

Apple ပစ္စည်းတွေ အရစ်ကျဝယ်ယူမယ်ဆိုရင်

11.10.2013

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ နာမည်ကျော် Apple Store က ထုတ်ကုန်တွေကို ရောင်းချပေးတဲ့ #mDrive ကနေ #imac, #macbook အစရှိတဲ့ Apple ပစ္စည်းတွေကို အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်ပါတယ်။


mDrive ဆိုင်ကို ပြည်တွင်းမှာ စက်တင်ဘာလကုန်ပိုင်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းမှာ အရစ်ကျ ၀ယ်ယူဖို့အတွက် စုံစမ်းသူတွေလည်းရှိပါတယ်။ Apple ပစ္စည်းကို အရစ်ကျစနစ်နဲ့ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ သူတွေရှိနေတာကြောင့် အရစ်ကျဝယ်ယူလိုသူတွေအတွက် လိုအပ်ချက်တွေ၊ ကုန်ကျမယ့် စရိတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

mDrive ဆိုင်ကနေ Apple ပစ္စည်းတွေကို အရစ်ကျဝယ်ယူနိုင်ဖို့အတွက် ဧရာဝတီဘဏ်နဲ့ ချိတ်ဆက် ဆောင်ရွက်ထားတာဖြစ်ပါတယ်။ အရစ်ကျစနစ်နဲ့ ၀ယ်ယူလိုသူတွေ အနေနဲ့ ယူဆောင်သွားဖို့ လိုအပ်တာက အိမ်ထောင်စု စာရင်း၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာနဲ့ ဧရာဝတီဘဏ်မှာ စုငွေရှိသူတစ်ဦးက အာမခံပေးရန် လိုအပ်မှာဖြစ်ပါတယ်။

အာမခံပေးတဲ့သူရဲ့ ဧရာဝတီဘဏ်က စုငွေစာရင်းမှာ ရှိရမယ့် ငွေပမာဏက မိမိဝယ်ယူလိုတဲ့ ပစ္စည်းတန်ဖိုးထက်ပိုများရမှာ ဖြစ်ပါတယ်။ ပစ္စည်းအတွက် ငွေပေးချေမှု မပြီးဆုံးသေးသရွေ့ အဆိုပါပစ္စည်းတန်ဖိုးနဲ့ ညီမျှတဲ့
ငွေကြေးကို ထုတ်ယူသုံးစွဲလို့တော့ရနိုင်မှာ မဟုတ်ပါဘူး။

အရစ်ကျဝယ်ယူလိုသူအတွက် ပထမအဆင့်အနေနဲ့ Apple Store မှာ အရစ်ကျဝယ်ယူမယ့်ပစ္စည်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပြီးတဲ့အချိန်မှာ mDrive က ဘောင်ချာစာရွက်မှာ Hicherpurchase တံဆိပ် တုံးထုနှိပ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါဘောင်ချာနဲ့အတူ ထောက်ခံပေးမယ့် ဧရာဝတီဘဏ်တွင် စုငွေရှိသူ၊ ဘဏ်စာအုပ်နှင့် ဧရာဝတီ ဘဏ်ရုံးချုပ်သို့ သွားရောက်ရမှာဖြစ်ပါတယ်။

ပစ္စည်းဝယ်ယူရာမှာ ပေးချေရမယ့်အတိုးနှုန်းများမှာ ၀ယ်ယူသူအနေနဲ့ ၀ယ်ယူမယ့် ပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေရမှာ
ဖြစ်ပါတယ်။ လက်ငင်းပေးချေရမည့်ငွေပမာဏတွင် ပစ္စည်းတန်ဖိုး ၃၀ ရာခိုင်နှုန်း၊ အဆိုပါ ပစ္စည်းတန်ဖိုးအပေါ်တွင် ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းနှင့် ကျန်သည့် ၇၀ ရာခိုင် နှုန်းပေါ်တွင် အတိုးနှုန်း ခုနစ်ကျပ်ဖြင့် တွက်ချက်ထားသည့် ငွေပမာဏများ စုစုပေါင်းပေးချေရမှာ ဖြစ်ပါတယ်။

ယင်းသို့ပေးချေပြီးပါက ကျန်ရှိသည့် ပစ္စည်းတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းကို ၁၂ လ အညီအမျှပေးချေရမှာဖြစ်ပါတယ်။

ယင်းသို့ အရစ်ကျဝယ်ယူနိုင်ရန်နဲ့ပတ်သက်ပြီး ဧရာဝတီဘဏ်မှ Cooperate Banker ဦးနေလင်းထွဋ်က “၀န်ဆောင်ခကို ပစ္စည်းတန်ဖိုးပေါ်မှာ တွက်ယူတာပါ။ ၀န်ဆောင်ခက တစ်ရာခိုင်နှုန်းယူတာပါ။ အတိုး ခုနစ်ရာခိုင်နှုန်းက ပေးသွင်းဖို့ကျန်တဲ့ငွေပေါ်ကို တွက်ယူတာပါ”လို့ ဆိုပါတယ်။

နောက်ပိုင်းတွင် ဧရာဝတီဘဏ်အပြင် #AGD ဘဏ်နှင့်ပါ ချိတ်ဆက်ဝယ်ယူနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း mDrive မှ သိရပါတယ်။

mizzima

No comments:

Post a Comment