address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 2, 2013

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးတော့မည်



 2.9.2013

သြဂုတ် ၁၆ ရက် ကော့ကရိတ်ခရိုင် ၀ဲကြီးကျေးရွာတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အပါအ၀င် KNU တပ်မဟာ (၅) ငြိမ်း   ချ မ်းရေး ကိစ္စရပ်များကို ကရင်လက်နှက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေးကော်မတီ အစည်းအဝေး၌ထည့်သွင်း ဆွေးနွေး သွားဦးမည်ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ် ၁၆ ရက်တွင် BGF တပ်နယ် (၄ )အခြေပြုသည့် ကော့ကရိတ်ခရိုင်ဝဲကြီးစခန်းကို KNU တပ်မဟာ (၅) မှ တပ်သားအင်အား ၂၀ ခန့်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး BGF မှ တပ်သား ၁ ဦးကျဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

 “အခုတစ်ခေါက် တွေ့ဆုံဆွေးနွေးမယ့် အကြောင်းအရာက KNU တပ်မဟာ ၅ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့ အဓိ က ဆွေးနွေးမယ်။ဒီတွေ့ဆုံဆွေးနွေးပွဲကနေတပ်မဟာ၅နဲ့ဝဲကြီးမှာဖြစ်သွားတဲ့တိုက်ပွဲမျိုး နောက်ထပ်မဖြစ်ရအောင်  ဆွေးနွေး သွားမှာပါ။ ဒီပွဲကို တပ်မဟာ ၅ ကလည်းတက်ရောက်မှာပါ” ဟု နယ်ခြားစောင့်တပ် (BGF) မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြဿနာရပ်များ ထပ်မံမဖြစ်ပေါ်စေရန်နှင့် အဖွဲ့အစည်းများအချင်းချင်း လေးစား ယုံကြည်မှုများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကရင်လက်နက်ကိုင်အဖွဲ့များညီညွတ်ရေး ကော်မတီကို ဖွဲ့စည်းထားရခြင်း ဖြစ် သည်ဟု အမှတ် (၄) တပ်နယ် ကွတ်ကဲရေးမှူး ဗိုလ်မှူး မုတ်သိုလ်က ပြောသည်။

“ကရင်ပြည်နယ်မှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြဿနာတွေ ပပျောက်ပြီးတစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ ရှိအောင်၊ အမြင် မှန်အောင၊် ရင်းနီးမှုရှိအောင် တစ်ဦးနဲ့ တစ်ဦး လေးစားမှုရှိအောင် နိုင်ငံတော်မူဝါဒနဲ့အညီ ချီတက်ဖို့ ကြိုးစားတိုင်ပင်ကြဖို့ပါ” ဟု BGF နယ်ခြား စောင့်တပ် အမှတ်( ၄) တပ်နယ်ကွက်ကဲရေးမှူး ဗိုလ်မှူး မုတ်သိုလ်က ပြောသည်။

စက်တင်ဘာလ ၃ ရက်တွင်ပြုလုပ်မည့် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီအစည်းအဝေးမှာ တတိယ အကြိမ်မြောက် ဖြစ်ပြီး ထော့ကော်ကိုးဒေသတွင်တစ်ကြိမ်၊မြိုင်ကြီးငူဒေသတွင်တစ်ကြိမ် ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ညီညွတ်ရေးကော်မတီ အစည်းအဝေးလုပ်တာက ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိပြီ။ နိုင်ငံတော်က ကျွန်တော်တို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ညီညွတ်မှာကို သိပ်တော့လည်း မလိုလားဘူးလို့ထင်တယ်” ဟု DKBA ကလို ထူးဘော အဖွဲ့မှ ဗိုလ်ကြီးစောသရီတူးက ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေးကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၃ ရက်တွင် မြ၀တီ ခရိုင် ရွှေ ကုက္ကိုမြိုင်ဒေသ၌ ပြုလုပ်သွားမည်ဖြစ်ကာ KNU၊ DKBA၊  နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA(PC)၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့တို့ တက်ရောက်သွားမည် ဖြစ်သည်။

မြစ်မခ

No comments:

Post a Comment