address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 5, 2013

ကရင်လက်နက်ကိုင် အဖွဲ့များက ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက်များအား အစိုးရသို့ မတင်ပြမီ ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီသို့ ဦးစွာတင်ပြမည်

5.9.2013

ကရင်လက်နက်ကိုင် အဖွဲ့များက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များအပြင် အခြားပြင်ဆင်လိုသည့် ကိစ္စရပ်များ အား အစိုးရသို့ မတင်ပြမီ ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီသို့ဦးစွာတင်ပြ ဆွေးနွေးမည်ဖြစ်ကြောင်း အ ဆိုပါကော်မတီဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ထိုကဲ့သို့ ကရင်စည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကော်မတီနှင့်ကရင်လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးရန် ကော်မတီ အနေဖြင့် စက်တင်ဘာ ၇ ရက်တွင် ပဏာမ အစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေး၌ ဆုံးဖြတ်ချက်ဖြင့် မည် သ ည့်နေ့တွင် တွေ့ဆုံမည်ကို သိရှိရမည်ဖြစ်ကြောင်း သိရသည်။

"သူတို့က ဖွဲ့စည်းပုံအပါအ၀င် တခြားအချက်တွေကို အစိုးရကို သူတို့က တင်ပြဖို့ရှိတယ်။ အဲဒါတွေကို သူတို့က ကျွန်တော်တို့ ကော်မတီကို ချပြပြီးတော့ အကြံဥာဏ် ရယူမယ်လို့ သိရတယ်။ တွေ့ဆုံဆွေးနွေးမယ့် ရက်ကတော့ မသိရသေးဘူး" ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ၂၀၁၃ ခုနှစ် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်သော ကရင်ရေးရာ အစည်းအဝေးတွင် ကရင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေး ပါတီများမှ ပါတီဝင်များ၊ ကရင်လက်နက်ကိုင် အဖွဲ့များ၊ ငြိမ်းချမ်းရေး ယူထားသည့် ကရင်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ အပါအ၀င် စုစုပေါင်း ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးယခုအခါအဖွဲ့ဝင်၅၂ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းထားကြောင်း သိရသည်။

အလားတူ ကရင်နိုင်ငံရေး ပါတီများမှလည်း ကရင်လူမျိုး တိုးတက်ရေးအတွက် ဘားအံမြို့၌ စက်တင်ဘာ ၁၄ ရက်မှ ၁၅ရက်အထိ နှစ်ရက်ကြာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်စီစဉ်နေပြီးကရင်နိုင်ငံရေးပါတီများပူးပေါင်းရေး၊၂၀၁၅  ရွေးကောက်ပွဲတွင် ကရင်ပါတီများ စုပေါင်း၍ ၀င်ရောက်ယှဉ်ပြိုင်ရေး၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များကို ၂၀၁၅ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံ၌ ကရင်အမျိုးသား အများစု နေထိုင်သည့် နေရာဒေသများတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူများ မှတ်ပုံတင် ရရှိရေးနှင့် မဲပေးခွင့် ရရှိရေး စသည့်အချက်များအား ထည့်သွင်းဆွေးနွေး ရန် စီစဉ်ထားကြောင်း သိရသည်။


EMG

No comments:

Post a Comment