address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 2, 2013

နိုင်ငံရေးဆွေးနွေးမှု လွှတ်တော်သို့လွှဲမည်ကို ကေအင်န်ယူ စိုးရိမ်


2.9.2013

ရန်ကုန်-တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင် ငံရေးဆွေးနွေးမှုများအတွက် လွှတ်တော်သို့ လွှဲပြောင်းပေးလိုက်မည်ကို ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် စိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ( KNU ) မှ အထွေထွေအတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းက ပြောသည်။

နေပြည်တော်တွင် သြဂုတ် ၃၁ ရက်ကပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံစဉ် ၎င်းက တင်ပြပြော ဆိုခဲ့ခြင်းဖြစ် သည်။

“သမ္မတရဲ့မိန့်ခွန်းတစ်ခုထဲမှာ တကယ်လို့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် လွှတ်တော်ကိုလွှဲပြီးတော့ လွှတ်တော်က ဖွဲ့စည်းထားတဲ့အဖွဲ့ကဦးဆောင် လုပ်သွားဖို့။ ကျွန်တော်တို့နဲ့ အပစ်အ ခတ်ရပ်စဲရေးလုပ်ပြီးတော့ ပြီးသွားပြီလို့လုပ်သွားမှာစိုးရိမ် တယ်” အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း ကပြောသည်။

ပြီးခဲ့သည့် န၀တအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနှင့် အပစ်အခတ်ရပ်စဲရေးသဘော တူခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးမှုများမပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည်။

“နိုင်ငံတကာမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကလုပ်ရတာပဲ။ အစိုးရက တာဝန်ယူပြီး လွှတ်တော် ကပံ့ပိုးပြီး လုပ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလူပြောင်းရင်ယုံကြည်မှုပြန်တည် ဆောက်ရတယ်”ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ဗဟိုဌာနမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြော သည်။

နိုင်ငံရေးဆွေးနွေးမှုက ရလာမည့်အချက်များအား လွှတ်တော်သို့တင်ပြပြီး တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို ဥပဒေပြုပေးပါက ခိုင်မာမှုရရှိသွားမည်ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ကချင်ပြည်နယ် အင် ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ပြောကြားသည်။

လက်ရှိအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြု လုပ်ရန်စီစဉ်နေပြီး အဆိုပါအဆင့်ပြီးနောက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ်ရန် စီစဉ်ထားပြီး ထိုအဆင့်ပြီးမှ သာ နိုင်ငံရေးဆွေးနွေးမှုများ စတင်မည်ဖြစ်သည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာသော တိုင်းရင်းသားအဖွဲ့အစည်းနှ စ်ခုက နိုင်ငံရေးဆွေးနွေးမှုများကို ၂၀၁၅ ခုနှစ်မတိုင်မီ အပြီးအပြတ် ဆွေးနွေးရန် တင်ပြခဲ့ကြောင်းသတင်းရရှိသည်။

နေပြည်တော်တွင်ပြုလုပ်သော တွေ့ဆုံပွဲတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်ခေါင်းဆောင်များ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် ( RCSS/SSA ) မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment