address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Monday, September 2, 2013
အပစ်အခတ်ရပ်စဲရေး မထိခိုက်ဖို့ အောက်ခြေတပ်များ ထိန်းသိမ်းလုပ်ဆောင်ရန် KNU ဆုံးဖြတ်
2.9.2013
ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလအတွင်း အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှုများ မဖြစ်ပေါ်စေရန်
အောက်ခြေ တပ်များ ထိန်းသိမ်းလုပ်ဆောင်သွားကြရန် သြဂုတ်၂၉ ကကျင်းပသည့် KNUတပ်မှူးများ ညီလာခံက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU)၏ ခြောက်လပတ် တပ်မှူးများညီလာခံကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင်းရှိ ဌာနချုပ်တွင် ယခုလ၂၆ မှ ၂၉ ထိ ကျင်းပခဲ့ပြီး အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။
“အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တာကို မထိခိုက်ဖို့အတွက် သတ်မှတ်ချက် အချို့တော့ ရှိတယ်။ အဲ့ဒါတွေကို အောက်ခြေတပ်မှူးတွေက လိုက်နာ လုပ်ဆောင်ကြဖို့ လိုတယ်။ တစ်ဖက်ကလည်း အစိုးရဘက်က KNU ထိန်းချုပ်နယ်မြေထဲမှာ အုပ်ချုပ်ရေး၊ စစ်ရေးကိစ္စတွေ လာရောက်ချမှတ်တာတွေ မလုပ်ဖို့လည်းလိုတယ်” ဟု ညီလာခံ တက်ရောက်ခဲ့သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီးနောက်ပိုင်း KNU ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်များမှ စစ်ရေးနှင့် အုပ်ချုပ်ရေးကို တိုးမြှင့်ချထားခဲ့ပြီး KNU အဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကိုလည်း ကန့်သတ်မှုများ ပြုလုပ်
ကြောင်း KNU တပ်မှူးများက ညီလာခံတွင် တင်ပြခဲ့ကြသည်။
ညီလာခံတွင် အပစ်အခတ်ရပ်စဲရေးကာလ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း သဘောတူညီချက်ပါအချက်အလက် များကို အကောင်အထည်ဖော်နိုင်မှု အားနည်းကြောင်း တပ်မှူးများက ဆိုကြသည်။
KNU တပ်မှူးတစ်ဦးက “ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်တယ်ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ပါ။ ကျွန်တော်တို့ တောင်းထားတဲ့ အစိုးရတပ်စခန်းတွေ ဆုတ်ပေးဖို့ကလည်း အကောင်အထည် မဖော်နိုင်သေးဘူး”ဟု ဆိုသည်။
KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် တပ်မဟာ (၁) မှ (၇)ထိ အစိုးရတပ် သုံးရာနီးပါး တပ်စွဲထားကာ ယင်းမှ စခန်း ကိုးဆယ်ကို ဆုတ်ပေးရန် ယမန်နှစ် စက်တင်ဘာက အစိုးရနှင့် ပြည်ထောင်စုအဆင့်တွေ့ ဆုံစဉ် KNU မှ တောင်းဆိုခဲ့ဖူးသည်။
အလားတူပင် ယခုလအတွင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ တပ်မှူးများ အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပြီး စစ်ရေးသတိရှိကြရန်နှင့် အပစ်အခတ်ရပ်စဲရေး အခြေအနေများကို သုံးသပ်ခဲ့ကြသည်။
မဇ္ဈိမ
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment