address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, May 18, 2014

RSO အဖွဲ့က တိုက်ခိုက်၍ နယ်ခြားစောင့်တပ်ဖွဲ့မှ လေးဦးကျ၊ နှစ်ဦးပျောက်၊ တစ်ဦးဒဏ်ရာရ



မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မေလ ၁၇ ရက်က ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၏ ၀င် ရောက်တိုက်ခိုက်မှုကြောင့် နယ် ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျ ဆုံးပြီး အရာရှိတစ်ဦး
ဒဏ်ရာရရှိ ကာ နှစ်ဦးမှာ လက်နက်နှင့်အတူ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

မေလ ၁၇ ရက် နံနက် ၉ နာ ရီမိနစ် ၂၀ တွင် RSO အင်အား ၆၀ ခန့်က နယ်စပ် မိုင်တိုင်အမှတ် (၅၂)အနီးရှိ ကင်းစခန်းကိုဝင် ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် လုံခြုံ ရေးရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီး သီဟန် က ပြောသည်။

‘‘လေးဦးကျဆုံး၊ အရာရှိ တစ်ဦး ဒဏ်ရာရပြီး နှစ်ဦးက လက်နက်နှစ်လက်နဲ့ ပျောက်ဆုံး နေပါတယ်’’ ဟု နယ်ခြားစောင့်ရဲ တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ် ဦးက ပြောသည်။

သို့သော် ဒုရဲမှူးကြီးသီဟန် က လာရောက်ပစ်ခတ်သောအဖွဲ့ ကို အတည်မပြုနိုင်သေးဟု ပြော သည်။

နယ်စပ်မိုင်တိုင် အမှတ် ၅၁ နှင့် ၅၂ ကြားတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အင်အား ၁၀ ဦးခန့် ပါဝင်သော ကင်းစခန်းတစ်ခုရှိ သည်။ ယင်းစခန်းမှ ကင်းလှည့် တပ်ဖွဲ့ဝင်များကို တစ်ဖက်နိုင်ငံ နယ်စပ်အခြေစိုက် RSO အဖွဲ့မှ အင်အား ၇၀ ခန့်က ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့အရာရှိတစ်ဦး က ပြောသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရသည့်နေရာသို့ နယ် မြေခံ ခမရ ၃၅၂ မှ တပ်မတော် စစ်ကြောင်းများ ရောက်ရှိလာပြီး ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ မိုင် တိုင် ၅၂ အနီးတွင် RSO အဖွဲ့နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ယင်း အဖွဲ့မှာ တစ်ဖက်နိုင်ငံအတွင်း ၀င်ရောက်တိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။

‘‘ထိခိုက်ကျဆုံးစာရင်း အ တိအကျတော့ မသိရသေးဘူး’’ ဟု ၎င်းအရာရှိက ဆက်လက် ပြောသည်။

ဖြစ်စဉ်မှာ နယ်စပ်မိုင်တိုင် အမှတ် (၅၃) နယ်ခြားစောင့်စ ခန်း (၂)မှ ဒုရဲအုပ်နွေဦးမောင် ဦး ဆောင်သော တပ်ဖွဲ့ဝင်များ နယ် စပ်ခြံစည်းရိုးလမ်းတစ်လျှောက် ဗန္ဓုကျေးရွာဘက်သို့ ချီတက်လာ စဉ် တစ်ဖက်နိုင်ငံမှ သောင်းကျန်း သူ လက်နက်ကိုင်များကာ ပုန်းခို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပစ် ခတ်သံများကြားသဖြင့် ရှေ့တန်း နယ်မြေမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံသွားရောက်ကြရာ ဒုရဲ အုပ်နွေဦးမောင်ကို ဒဏ်ရာဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုမှာ နံနက် ၁၀ နာ ရီခန့်တွင် ပြီးဆုံးခဲ့ပြီး ကျဆုံးသွား သည့် တပ်ဖွဲ့ဝင်များမှာ တပ်သား သီဟအောင်၊ လှမင်းထက်၊ ၀င်း မင်းထွေးနှင့် နေလင်းဦးတို့ဖြစ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးမှာ ဝေ လင်းဦးနှင့် အေရာမောင်တို့ဖြစ် သည်။ ပျောက်ဆုံးနေသည့် လက် နက်နှစ်လက်မှာ MA-11 အမျိုး အစားဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးနေသည့် တပ်ဖွဲ့ဝင် နှစ်ဦးမှာ မေလ ၁၇ ရက် ညနေ အထိ ရှာဖွေ၍ မတွေ့သေးပေ။ ယခု ပစ်ခတ်မှုဖြစ်ပွားသည့် နယ်စပ် မိုင်တိုင်အမှတ် (၅၂)မှာ မောင် တောနယ်စပ်၊ ဘူးသီးတောင်မြို့ နှင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ် ထိစပ်နေသည့်နေရာဖြစ်သည်။

‘‘လုံခြုံရေးစောင့်နေရတယ် ဆိုပေမဲ့ ဒီမှာက ဘင်္ဂါလီရွာတွေ ချည်းပဲ ရှိနေတာ။ ဒီက ဘင်္ဂါလီ တွေအားလုံး ကိုယ်တွေဘက် တစ် ယောက်မှ မရှိကြဘူး။ သူတို့တွေ ၀င်လာတဲ့ ရွာတွေမှာ အဓိက တာဝန်ရှိတယ်။ ကိုယ်တွေဘက်က လေးယောက် ကျတဲ့အပြင် နှစ် ယောက်ကလည်း ဘယ်လိုအခြေ အနေရှိမှန်း မသိရတော့ဘူး။ စိတ် ထဲတော်တော် မကောင်းဘူးဗျာ’’ ဟု အမှတ်(၁) နယ်ခြားစောင့် လုံ ခြုံရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး က ပြောသည်။

မေ ၁၃ ရက်က မောင်တော မြို့ နယ်စပ်မှတ်တိုင် ၃၈ နှင့် ၃၉ ကြားရှိ လုံခြုံရေး စခန်းတစ်ခုအား တစ်ဖက်နိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က လာရောက်ပစ် ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကိုင် အဖွဲ့မှ နှစ်ဦး ကျဆုံးခဲ့သော ကြောင့် အင်အားသုံး၍ နောက် တစ်ကြိမ် လာရောက်တိုက်ခိုက် ခြင်းဖြစ်နိုင်ကြောင်း အမှတ် (၂) နယ်ခြားစောင့် လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲမှ ရဲအရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။ ထို့ပြင် တစ်ဖက် နိုင်ငံမှ အစွန်းရောက်လက်နက် ကိုင်အဖွဲ့များက အင်အားသုံး၍ ယခုကဲ့သို့ မကြာခဏ လာရောက် တိုက်ခိုက်ခြင်းကို အဆုံးသတ်နိုင် ရန် အစိုးရအနေဖြင့် အမြန်ဆုံးအ ဖြေရှာသင့်ကြောင်း ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်တွင် ယခုကဲ့သို့ ကျူးကျော်ရန် စမှုများအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရသို့ ယခင်ကလည်း ကန့် ကွက်စာပို့ခဲ့သလို ယခုတစ်ကြိမ် တွင်လည်း မြန်မာအစိုးရက ကန့်ကွက်စာ ပေးပို့သွားဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောသည်။


7 Day

No comments:

Post a Comment