address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, May 16, 2014

ရန်ကုန်မြို့တော်ရှိ ဈေးများ ပြုပြင်ရန် ကျပ်သန်း ၂၇၀၀ ကျော် အသုံးပြုမည်


ရန်ကုန်မြို့တော်အတွင်း ဈေးများ ပြုပြင်ခြင်း၊ အသစ် တည်ဆောက်ခြင်းများ အတွက် ယခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်းပေါင်း၂၇၁၀ အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဒီဘဏ္ဍာရေးနှစ်မှာ သုံးမယ့် စရိတ်ကို ပြောနိုင်ပေမယ့် လုပ်ငန်းစဉ်တွေကို မပြောနိုင်သေးပါဘူး။ ဆောင်ရွက်တဲ့ အချိန်ကျရင်တော့ ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။


ယခု ဘဏ္ဍာရေးနှစ်အတွက် အဆိုပါ လျာထား အသုံးစရိတ်များကို အသစ်ပြင်ဆင် အဆင့်မြှင့်ရန် ကျန်ရှိသော ဈေးများ တည်ဆောက်ခြင်း အတွက် အဓိကထား သုံးစွဲမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) လက်အောက်တွင် အခွန်လွတ်ဈေး ၁၁ ဈေး အပါအဝင် ဈေးအရေအတွက် စုစုပေါင်း ၁၇၀ ကျော် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနထံမှ သိရှိရသည်။

ယခု ဘဏ္ဍာရေးနှစ် အတွင်းတွင် အင်းစိန်မြို့နယ်ရှိ ဖော့ကန်ဈေး၊ ရွှေပြည်သာ မြို့နယ်ရှိ ပတ္တမြားဈေး၊ သာကေတ မြို့နယ်ရှိ (၃) ဈေးနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကြက်၊ ဘဲဈေးတို့ကို အသစ်ဆောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဈေးများဌာနက ဆောင်ရွက်မည် ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့ထုတ် မြို့တော်သတင်းစာတွင် ပါရှိသည်။

The Voice

No comments:

Post a Comment