address
Wednesday, May 21, 2014
လက်နက်အမြောက်အမြား ဖမ်းမိဟု ထိုင်းစစ်တပ်ပြော
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ထိုင်းနိုင်ငံမှာ မနေ့ညက လက်နက်တွေကို ဖမ်းမိတယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုပါတယ်။
ဘန်ကောက်က ဆန္ဒပြပွဲတွေကို ရှုပ်ထွေးစေဖို့ ရည်ရွယ်တဲ့ လက်နက်တွေကို လုဘူရီခရိုင်ထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
စစ်တပ်ပြောခွင့်ရသူ ၀င်ထိုင်း ဆုဗာရီက “လက်နက်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ အမြောက်အမြားကို ဖမ်းမိထားတာကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ညွန်ကြားမှုဌာနဆီကို အကြောင်းကြားလာပါတယ်။ ဒီကိစ္စကို ဆက်ပြီးတော့ စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။
ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေ၊ အစိုးရထောက်ခံတဲ့ အုပ်စုတွေ နှစ်ဖက်စလုံး တနေရာစီက သပိတ်စခန်းတွေမှာ ရှိနေကြပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတွေ၊ ချီတက်ပွဲတွေကို မလုပ်ဖို့ စစ်တပ်က ညွန်ကြားထားပါတယ်။
ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချာနဲ့ နိုင်ငံရေး အုပ်စုတွေက ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ မေလ ၂၁ ရက်နေ့မှာ ထိုင်းစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။
အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဖွေထိုင်းပါတီ ခေါင်းဆောင်၊ ဒီမိုကရက်ပါတီ ခေါင်းဆောင်၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီအတွင်းရေးမှူး ဆူသပ်သွန်ဆူဘန်း၊ အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရက်တပ်ဦး (ရှပ်နီအဖွဲ့) ခေါင်းဆောင်တို့ ပါဝင်တယ်လို့ စစ်တပ် ပြောခွင့်ရသူ စရီချန်း နတ်သွန်က ပြောပါတယ်။
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment