address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, May 18, 2014

ဖက်ဆွတ်တောင် သတ္တုတူးဖော်ရေး စီမံကိန်းမှ စွန့်ပစ်မြေနှင့် ရေဆိုးများကြောင့် ရေထုညစ်ညမ်းဟုဆို


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် အနောက်ဘက်ရှိ ဖက်ဆွတ်တောင်တန်းပေါ်တွင် သတ္တုတူးဖော်ရာမှ ထွက်ရှိသည့် စွန့်ပစ်မြေနှင့် ရေဆိုးများမှာ အနီးပတ်ဝန်းကျင်ရှိ နမ့်ကြာချောင်း၊
ကကာချောင်း၊ မန်စီချောင်းနှင့် သွေးကျောက်ချောင်းတို့ အတွင်းသို့ စီးဝင်လျက် ရှိခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။

ဖက်ဆွတ်တောင်တန်းပေါ်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းကို ပုဂ္ဂလိက နိုင်ငံခြားကုမ္ပဏီတစ်ခုက ၂၀၀၄ ခုနှစ်က စတင်၍ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ထားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်စွာဝင်းက ပြောဆိုသည်။

သတ္တုတူးဖော်ရာက ထွက်ရှိလာသည့် စွန့်ပစ်မြေစာများကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်နိုင်ပြီး ချောင်းအတွင်း စွန့်ပစ်မြေများကြောင့်လည်း ချောင်းရေ မျက်နှာပြင် မြင့်တက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က သုံးသပ်ပြောကြားသည်။

ယင်းသို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနေခြင်းကြောင့် ကသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက သက်ဆိုင်ရာကို အသိပေး တင်ပြခဲ့သော်လည်း အကြောင်းမထူးသောကြောင့် လူထုအင်အားဖြင့် စီမံကိန်းကို ကန့်ကွက်ရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။

The voice

No comments:

Post a Comment