address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, May 30, 2014

ခွဲထွက်ရေး သမား များ၏ တိုက် ခိုက် မှု ကြောင့် ယူကရိန်း စစ်ဘက် ရဟတ်ယာဉ်တစ်စင်း ပျက်ကျ ဗိုလ်ချုပ်ကြီး တစ်ဦး အပါအဝင် ၁၄ဦးသေဆုံး


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ခွဲထွက်ရေး သမားများနှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ မြင့်တက် ဖြစ်ပွားလျက် ရှိနေစဉ် အတွင်း ယူကရိန်း စစ်ဘက် ရဟတ်ယာဉ် တစ်စင်းအား ခွဲထွက်ရေး သမားများက
မေ ၂၉ရက်တွင် ပစ်ချခဲ့ရာ ယူကရိန်း တပ်ဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တစ်ဦး အပါအဝင် စစ်သည် ၁၄ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ခွဲထွက်ရေး သမားများသည် အဆိုပါယူက ရိန်းစစ်ဘက် ရဟတ်ယာဉ်အား နိုင်ငံ အရှေ့ပိုင်း ဆလိုဗီးယင့်စ် မြို့တွင် ပစ်ချခဲ့ခြင်းဖြစ်သည်။
ယင်းပစ်ခတ်မှုသည် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCEမှ လေ့လာ စောင့်ကြည့်သူ လေးဦးအား ခွဲထွက် ရေးသမားများက ထိန်းသိမ်းထား ကြောင်း ဆလိုဗီးယင့်စ်မြို့တော်ဝန်က အတည်ပြုပြီး နောက်ပိုင်းတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခြင်း ခံထားရသည့် OSCEမှ လေ့လာစောင့်ကြည့် သူများသည် တူရကီ၊ ဆွစ်ဇာလန်၊ အက်စတိုး နီးယားနှင့် ဒိန်းမတ်နိုင်ငံ သားများ ဖြစ်ကြပြီး ၎င်းတို့သည် ယခု သီတင်း ပတ်အစောပိုင်းက ပျောက်ဆုံးနေခြင်းဖြစ်သည်။ ယင်းလေ့လာရေး အဖွဲ့ဝင်များအား မိမိတို့ ထိန်းချုပ်ထားသည့် ဒေသ အတွင်းသို့ စေလွှတ်ခြင်း မပြုရန် OSC အဖွဲ့အား အကြောင်းကြားထားပြီးဖြစ်သော်လည်း ၎င်းတို့ လေးဦးသည် မိမိတို့ပိုင်နက် အတွင်းသို့ ဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အား စစ်ဆေး မေးမြန်းပြီး နောက်ပိုင်းတွင် ပြန်လည်လွှတ်ပေး သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဗျာချီဆလက်ဗ် ပိုနိုမာရက်ဗ်က ပြောကြားထားကြောင်း သိရသည်။


မြ၀တီ

No comments:

Post a Comment