address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, May 21, 2014

တိုင်းပြည် အနာဂတ်အတွက် ဖြစ်စေချင်သည့် ပုံစံကို ပြည်သူများမှ စဉ်းစားထားဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို


တိုင်းပြည်၏ အနာဂတ်ကို စဉ်းစားပြီဆိုသည်နှင့် မိမိတို့ နိုင်ငံအား ဘယ်လိုနိုင်ငံ ဖြစ်စေချင်သည် ဆိုသည့် အချက်ကို ပြည်သူများက သေသေချာချာ စဉ်းစား စေချင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်များအား ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ မေလ ၁၇ ရက် နံနက် ၈ နာရီ အချိန် ဗိုလ်စိန်မှန် အားကစားကွင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် NLD နှင့် ၈၈ ပွင့်လင်းလူ အဖွဲ့အစည်းတို့ ပူပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထု လက်မှတ်ရေးထိုးရန် အတွက် ပြုလုပ်သော ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။


“ဒီနေ့ ကျွန်မတို့ရဲ့ ပွဲဟာ ဘာအတွက်လည်းဆိုရင် တိုတိုပြောရရင် ကျွန်မတို့ရဲ့ နိုင်ငံ အနာဂတ် အတွက် ဖြစ်ပါတယ်။ တိုင်းပြည် နဲ့ အနာဂတ်ကို စဉ်းစားပြီဆိုရင် အားလုံးရဲ့ စိတ်ထဲမှာ၊ အားလုံးရဲ့ ခေါင်းထဲမှာ ဘယ်လိုနိုင်ငံ ဖြစ်စေချင်လဲဆိုတဲ့ အမြင်တစ်ခုတော့ ရှိဖို့လိုပါတယ်”ဟု ပြောကြား သွားခဲ့သည်။

အဆိုပါ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုလက်မှတ် ရေးထိုးပွဲနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုကော်မတီဝင် ဒေါက်တာမျိုးအောင်မှလည်း “ဒီလက်မှတ်ရေးထိုးပွဲကြီးကို ၂၇ ရက် မေလကနေ ဇူလိုင်လ အထိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာ လွယ်ကူရန် အတွက် စီစဉ်ထားတယ်။ ပထမဆုံး အချက်ကတော့ ကျွန်တော်တို့ ဒီလက်မှတ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ခံသွားမှာ မဟုတ်ပါဘူး၊ ပြည်သူတွေ လက်မှတ်ရေးထိုးဖို့ လက်မှတ် စာအုပ်တွေကို တစ်နိုင်ငံလုံးမှာ ဖွဲ့လှစ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ ရုံးတွေနဲ့ ရပ်ကွက် ကျေးရွာရုံးတွေမှာ ထားရှိသွားမှာ ဖြစ်ပါတယ်”ဟု ပြောခဲ့သည်။

ယင်းမှ ဆက်လက်ပြီး ပါတီရုံး မရှိသော ရပ်ကွက် ကျေးရွာများတွင် အဖွဲ့ဝင်များနှင့် အမှုဆောင်များ၏ ဆုံးဖြတ်ချက် တာဝန်ခံချက်များဖြင့် လက်မှတ် ရေးထိုးရန် စာအုပ်များ ထားရှိပေးသွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ထားရှိရာတွင် နေရာများ သိရှိနိုင်ရန် လက်ကမ်း စာစောင်လေးများ အခြား ပညာရပ်နည်းများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

ထိုကဲ့သို့ လက်မှတ် ရေးထိုးရာတွင် လိုက်နာရမည့် အချက်များကိုလည်း ၄င်းမှ ဆက်လက် ပြောကြားခဲ့သည်။

“နံပါတ်တစ် အနေနဲ့ကတော့ နိုင်ငံသား ဖြစ်ရပါမယ်၊ နံပါတ်နှစ်ကတော့ အသက် ၁၈ နှစ်ပြည့်ပြီးသား ဖြစ်ရပါမယ်၊ နံပါတ်သုံးကတော့ စိတ်ဖောက်ပြန်တတ်သူ မဖြစ်ဖို့ လိုပါတယ်” ဟု ပြောသည်။

၎င်းအပြင် လက်မှတ် ရေးထိုးရာတွင် မှတ်ပုံတင်နံပါတ်နှင့် လိပ်စာများအား ဖော်ပြရန် လိုအပ်ကြောင်း၊ မှတ်ပုံတင်မရှိက တိကျခိုင်မာသော အချက်များ ရေးပြီး လက်မှတ် ရေးထိုးရန် လိုကြောင်း၊ လက်မှတ်ရေးထိုးရာ တွင်လည်း တစ်ကြိမ် တစ်ခါသာ ထိုးရန် လိုကြောင်းနှင့် ယခုလက်မှတ် ရေးထိုးပွဲသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်၏ အခြေခံ အကျဆုံး ငြိမ်းချမ်း ချောမွေ့သော နည်းလမ်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Tomorrow

No comments:

Post a Comment