address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 17, 2014

One More အစီအစဉ်မှ အလှူငွေ ၁၂၆ သိန်းကျော်ကို နေရာ ၈ ခုသို့ ခွဲဝေလှူဒါန်း


လူတစ်ဦး၊ တစ်လ၊ တစ်ထောင် စုဆောင်းပြီး ပြန်လည်လှူဒါန်းလျက်ရှိသော One More အစီအစဉ်သည် ၂ဝ၁၄ ခုနှစ် မေလအတွက် အလှူငွေ ကျပ် ၁၂၆ သိန်း (၁၂,၆၄၆,ဝဝဝ ကျပ်) ကျော် ရရှိခဲ့ပြီး နေရာ ၈ေ
နရာသို့ ခွဲဝေလှူဒါန်းခဲ့သည်။

''ဒီလအတွက် ရရှိတဲ့ အလှူငွေများကို တိုင်းနဲ့ပြည်နယ်ဒေသ အတော်များများကို ခွဲဝေလှူဒါန်းလိုက်တာဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ သီလရှင်သင်ပညာရေးကျောင်းနဲ့ ကိုယ်ထူကိုယ် ထမူကြိုကျောင်းတွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်က လိုအပ်နေတယ်ထင်လို့ပါ'' ဟု ဆရာ ပြည်သွေးနိုင်က ပြောသည်။

အဆိုပါနေရာ(၈)ခုမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓညဝတီ (က)ရပ်ကွက်ရှိ မင်းကျောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျပ် သိန်း ၂ဝ ၊ မွန်ပြည်နယ်၊ကျိုက်ထိုမြို့ရှိ ဆောင်နိုင်ဂွဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျပ် ၁၅ သိန်း၊မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ရှိ
ပြည်လုံးချမ်းသာဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျပ် ၁၅ သိန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ပျဉ်းမကွင်းကျေးရွာအုပ်စုရှိ ဒိုင်းချောင်း ကျေးရွာ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းသို့ ကျပ် (၁၅) သိန်း၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရေစုပ်ပင်ကျေးရွာရှိ သာသနာ့ပါလ ပရဟိတကျောင်းသို့ ကျပ် သိန်း(၂ဝ)၊ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊
ကျောက်တံခါးကျေးရွာအုပ်စု ပျားကြီးတောင်ဒေသရှိ ပျားကြီးတောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျပ် (၁ဝ) သိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ် ကွက်၊ သောက်တော်တွင်းလမ်းရှိ ကေသရဝတီ သီလရှင်သင် ပညာရေးကျောင်းသို့ ကျပ် သိန်း ၂ဝ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဘောစကိုင်း ကျေးရွာ ကိုယ်ထူကိုယ်ထ
မူကြိုကျောင်းသို့ ၁,၁၄၆,ဝဝဝ ကျပ် အသီးသီးလှူဒါန်းခဲ့သည်။

One More သို့ ဆက်သွယ်လိုပါက ဝ၉ ၇၃ဝ ၉၆၆၇၂၊ ဝ၉ ၄၂ဝ ဝ၂၄၈၄၃၊ ဝ၉ ၅ဝ၇၉၆၇၈ များသို့ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း သိရသည်။

UTA

No comments:

Post a Comment