address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, May 19, 2014

ပါတီရေးနှင့် ကရင်ရေးပတ်သက်လာရင် ကရင်ရေးပဲဦးစားပေးတယ်ဟု ဖလုံစဝေါ်ပါတီဒုဥက္ကဋ္ဌဆို


ကရင်ပြည်နယ်၊ ဘားအံမြို့ ၌ (၁၇)ကြိမ်မြောက် ကရင်စာပေ နှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို မေလ (၁၅)ရက် ည (၇)နာရီ အချိန်တွင် ဘားအံမြို့၊ အမှတ် (၆)ရပ်ကွက်၊ အ.မ.က (၇) ကျောင်းဝင်းမြက်ခင်းပြင်၌ပြုလုပ် ခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲ၌ ကရင် ပြည်နယ်၊ ကရင်စာပေနှင့် ယဉ် ကျေးမှုကော်မတီဝင်များ၊ ဖြစ် မြောက်ရေးအဖွဲ့ဝင်များနှင့် ဖလုံ စဝေါ်ပါတီ ဒုဥက္ကဋ္ဌ ဦးမန်းအောင် ပြည့်စိုး၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့၊ သင်တန်းဆရာ များ၊ သင်တန်းသား/သူများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြ သည်။

ကရင်စာပေသင်ကြားရေးနှင့် ပတ်သက်ပြီး ဖလုံစဝေါ်ပါတီ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည့်စိုးက ပြောကြားရာတွင် ““ပါတီရေးနဲ့ ကရင့်အရေးပတ်သက်လာရင် ငါက ကရင့်အရေးကိုပဲဦးစားပေး တယ်..ဒါပဲ။ အဲဒါမင်းတို့သိထား ပေါ့နော်။ အဲဒါကိုပြောချင်တယ်။ ကျောင်းသင်ခန်းစာကိုကျောင်းတွေ ပြင်ပမှာခွင့်ပြုတယ်။ တို့ကလဲ အဲဒါကိုမလိုလားဘူး။ ကျောင်းချိန် မှာပဲ ခွင့်ပြုပေးပါ။ ကျောင်းချိန် မှာပဲ သင်ပေးပါ။ စာမေးပွဲလုပ်ပါ။ အတန်းတင်ပေးပါ။ ဒါမှ ပီပီပြင် ပြင်ဖြစ်လာမယ်။ ဒါမှ ကရင်တွေ၊ အခြားတိုင်းရင်းသားတွေရောလိုလို လားလားနဲ့ သင်ကြားချင်စိတ်တွေ ပေါ်လာမယ်။ အဲဒါပဲလိုချင်တယ်။

တိုးတက်မှုအနေနဲ့ကတော့ မနှစ် ကလဲ ၀ိုးတ၀ါးဝါးယောင်ယောင် ပဲ။ ဒီနှစ်လဲယောင်ယောင်ပဲ။ တိုး တက်မှုက မရှိသေးဘူး။ တို့လိုချင် တာက ကျောင်းချိန်အတွင်းတရား ၀င်သင်၊ စာမေးပွဲကျင်းပ၊ အတန်း တင် ဒီဘာသာရပ်ကိုမအောင်ရင် အတန်းမတင်နဲ့။ ဒါမှလိုလိုလား လားနဲ့ ဖြစ်လာမယ်””ဟု ပြော သည်။

ကရင်စာပေနှင့်ယဉ်ကျေးမှု သင်တန်းကို ပြည်နယ်အစိုးရလမ်း ညွှန်စီမံမှုဖြင့် ၂၀၁၃ ခုနှစ်ကစတင် ပြီး ဒေသတွင်းသင်ကြားမှုများ ပြုလုပ်ကာ အမှတ်(၆)ရပ်ကွက် အနေဖြင့် (၁၇)ကြိမ်မြောက်ကျင်း ပခဲ့ပြီးဖြစ်ကြောင်း၊ စာပေနှင့် ယဉ် ကျေးမှုသည် လူမျိုးတစ်မျိုး၏ ရပ်တည်မှုနှင့် သမိုင်းနောက်ခံများ ဖြစ်ရာ မပျောက်ပျက်ရန်အရေး ကြီးသည့်အတွက် ဖြစ်မြောက်ရေး အဖွဲ့အနေဖြင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ယနေ့အချိန်တွင် ကရင် လူမျိုး(၁၂)မျိုးခန့်ရှိသည့်အနက် ယခုသင်ကြားပေးသော ကရင် စာပေမှာ အများစုဖြစ်သည့် ပိုး ကရင်စာပေဖြစ်ပြီး ကရင်စာပေကို မြန်မာသက္ကရာဇ်(၁၀၀၀-၁၂၀၀) ခန့်ကတည်းက ကရင်အမျိုးသား တို့ စတင်ရေးသားခဲ့ကြောင်းနှင့် စာပေအမျိုးအစားအရ- ၁။ လ၀ါး (လ၀ိုက်)ကဗျာ၊ ၂။ (လင်ကာ) အလင်္ကာ၊ ၃။ သုပတ်(သလပတ်) စကားပြေအကျယ်၊ ၄။ အိုခင့် (အခေါ့)အနက်အဓိပ္ပာယ်၊ ၅။ လိက်အင်း(လိုက်အိန်း)စကားပြေ အကျဉ်းဟု (၅)မျိုးရှိကြောင်း သိ ရသည်။

ကရင်စာပေနှင့်ယဉ်ကျေးမှု သင်တန်းများတွင် မြန်မာဗျည်း အက္ခရာသင်ပုန်းကြီးနှင့် ကရင် စာပေကိုတွဲဖက်သင်ကြားပေးပြီး၊ မူလတန်းကျောင်းသူ/သားများမှ တက္ကသိုလ်ကျောင်းသား/သူများ အထိပါဝင်သင်ကြားလျက်ရှိပြီး၊ အမှတ်(၆)ရပ်ကွက်သင်တန်းဆင်း ပွဲ၌ သင်တန်းကျောင်းသား/သူ (၅၀)ကျော်တက်ရောက်သင်တန်း ယူခဲ့ကြောင်း သတင်းရရှိသည်။

ံHot News

No comments:

Post a Comment