address
Monday, May 26, 2014
ယင်းလပ်ကို ဖမ်းဆီးပြီး နိုင်ငံရေးသမား ၁၅၀ ခန့် စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်
ထိုင်းနိုင်ငံကို စစ်တပ်က အာဏာ သိမ်းလိုက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ထင်ရှားသော ပညာရှင်များ အပါအဝင် လူ ၃၅ ဦးကို စနေနေ့ နေ့လယ် မတိုင်မီ
ထိုင်းစစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ထိုင်းစစ်တပ်သည် သောကြာနေ့က ဝန်ကြီးချုပ်ဟောင်း ယင်းလပ် အပါအဝင် နိုင်ငံရေးသမား ၁၅၀ ကျော်ခန့်ကို စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်ခဲ့ပြီး ယင်းလပ်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် တစ်ရက်တွင် နောက်ထပ် လူ ၃၅ ဦးကို စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ယင်းလပ် အပါအဝင် နိုင်ငံရေးသမားများကို ထိန်းသိမ်းထားခြင်းသည် ၎င်းတို့အတွက် စဉ်းစားချိန်ပေးရန် ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Werachon Sukhondhadhpatipak က ပြောကြားခဲ့ပြီး ၎င်းတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ပြောကြားရန် ငြင်းဆန်ခဲ့သည်။
ထို့ပြင် ဖမ်းဆီးခံထားရသော နိုင်ငံရေးသမားများ၏ မိုဘိုင်းလ်ဖုန်းများကိုလည်း သိမ်းဆည်းထားကြောင်း ထိုင်းစစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Werachon Sukhondhadhpatipak က ပြောကြားသည်။
ထို့အတူ စစ်တပ်ကို သတင်းပို့ရန် ယခု ထပ်မံ အမိန့်ထုတ်လိုက်သော လူ ၃၀ ကျော်အနေနှင့် စနေနေ့ ညနေ ၄ နာရီ မတိုင်မီ စစ်တပ်ကို လာရောက် သတင်းပို့ကြရန်နှင့် အချိန်မီ သတင်းမပို့ပါက အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ထိုင်းစစ်တပ် အာဏာသိမ်းယူမှုကြောင့် ထိုင်းစစ်တပ်ကို ထောက်ပံ့မည့် အမေရိကန်ဒေါ်လာ သုံးသန်းကျော်ကို ဆိုင်းငံ့ထားရန် အမေရိကက ဆုံးဖြတ်လိုက်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်အစားထိုးရန် အမေရိကက ပြောကြားသည်။
ထို့ပြင် ထိုင်းသို့ သွားရောက်ရန် စီစဉ်ထားသော အမေရိကန် ခရီးသွားများကိုလည်း ခရီးစဉ် ဖျက်သိမ်းရန် အမေရိကန်အစိုးရက တိုက်တွန်းခဲ့ပြီး အမေရိကန် အစိုးရအရာရှိများ၏ ထိုင်းသို့ မဖြစ်မနေ သွားရမည့် ကိစ္စများမှ လွဲ၍ အခြားခရီးစဉ်များကို ဆိုင်းငံ့ထားလိုက်သည်။
ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာယုသည် သောကြာနေ့က အရေးပါသော အစိုးရအရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ရွေးကောက်ပွဲ မကျင်းပမီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ပြောကြားသွားခဲ့သည်။
“နိုင်ငံကို စုစည်း တည်ဆောက်ရာမှာ အစိုးရဝန်ထမ်းများရဲ့ အကူအညီကို လိုချင်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးပရာယုက ပြောကြားသည်။
ယခု အာဏာသိမ်းမှုသည် ယခင် အာဏာသိမ်းမှုများနှင့် မတူဘဲ အရပ်ဘက်ကို အာဏာ အလျင်အမြန် လွှဲပေးမည် ဟူသော ကတိစကား ပြောကြားခြင်း မရှိကြောင်း ဘန်ကောက်ရှိ ဘီဘီစီသတင်းထောက် ဂျော်နသန်ဟတ်က ပြောကြားသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment