address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, May 18, 2014

ရွှေဘိုတွင် GSM ဖုန်းလိုင်းများ နှစ်ရက်နီးပါး ဆက်သွယ်မှု ပြတ်တောက်


ရွှေဘိုမြို့တွင် GSM တယ်လီဖုန်းလိုင်းများ မေလ ၁၅ ရက်နေ့ ညမှစ၍ မေလ ၁၇ ရက်နေ့ထိ နှစ်ရက်နီးပါး ဆက်သွယ်မှုလိုင်းများ ပြတ်တောက်လျက် ရှိကြောင်း GSM ဖုန်းသုံးစွဲသူများက ပြောကြားသည်။


ရွှေဘိုမြို့တွင် မေလ ၁၅ ရက်နေ့က မိုးအနည်းငယ် ရွာသွန်းခဲ့ပြီးနောက် ယင်းနေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်မှစ၍ GSM ဖုန်းလိုင်း ပြတ်တောက်ခဲ့ခြင်း ဖြစ်ရာ လက်ရှိ အချိန်အထိ (မေလ ၁၇ ရက်နေ့) မွန်းလွဲ ၃ နာရီခန့်ထိ အသုံးပြု၍ မရသေးကြောင်း GSM ဖုန်းသုံးစွဲသူ တစ်ဦးဖြစ်သည့် အသက် ၂၀ အရွယ် ကိုပြည့်က ပြောဆိုသည်။
“လိုင်းပျက်နေတဲ့အတွက် အရေးအကြောင်း ကိစ္စကြုံရင် ကြိုးဖုန်းရှိတဲ့ဆီကို သွားဆက်နေရတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ GSM တယ်လီဖုန်းလိုင်းများ ပြတ်တောက်ရခြင်းမှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နှင့် ပျော်ဘွယ်မြို့နယ်ကြားရှိ ဖိုက်ဘာလိုင်း ပြတ်တောက်ခြင်းကြောင့် ဖြစ်ရာ ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသော်လည်း မည်သည့် အချိန်တွင် ပြီးစီးမည်ကို မသိရှိရသေးကြောင်း ရွှေဘိုခရိုင် မြန်မာ့ဆက်သွယ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေဘိုမြို့တွင် GSM တယ်လီဖုန်း သုံးစွဲသူ များပြားလျက် ရှိခြင်းကြောင့် လိုင်းကြပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အင်တာနက် သုံးစွဲရာတွင်လည်း အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း ဖုန်းဖြင့် အင်တာနက် သုံးစွဲသူများက ပြောဆိုသည်။


The Voice

No comments:

Post a Comment