address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 22, 2014

သမ္မတနှင့် အစိုးရအဖွဲ့ ထည့်ဝင်ငွေဖြင့် ဆင်းရဲသူများကူညီရေးကော်မတီ ဖွဲ့မည်


သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးများ ထည့်ဝင်ငွေဖြင့် ဆင်းရဲသူများကူညီရေး ကော်မတီများကို ဇွန်လတွင် စတင်ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိ
သူ ဦးရဲထွဋ်က မဇ္ဈိမကို မေ၂၁ ရက်တွင် ပြောသည်။

သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများ လစာ၏ ၂၅ ရာခိုင်နှုန်းကို ဆင်းရဲသူများ ကူညီစောင့်ရှောက် ရေးရန်ပုံငွေကို မေလအကုန်တွင် စတင်ကာ သတ်မှတ်ထားသည့် နေပြည်တော်ရှိ မြန်မာစီးပွားရေးဘဏ်အတွင်းသို့ ထည့်ဝင်ပြီး အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

“ပြည်ထောင်စုအဆင့်ဝန်ကြီးတွေပဲ ပါတယ်။ ဒါကဥပဒေအရဆောင်ရွက်တာ မဟုတ်ပါဘူး။ ဆင်းရဲသူတွေကို ကူညီဖို့ သမ္မတကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောတော့အားလုံးက ၀ိုင်းထည့်ကြမှာပါ။ အခုလကုန်ကစပြီးတော့ ကော်မတီ လေးတွေဖွဲ့ပြီး ဆောင်ရွက်သွားမှာ” ဟု ဦးရဲထွဋ် က ပြောသည်။

မြန်မာနိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံသည် ဆင်းရဲမွဲတေမှု အခြေအနေနှင့် ရင်ဆိုင်နေရသူများဖြစ်ကာ နိုင်ငံ့လူဦးရေ ၏ ၂၆ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု ကြောင့် ကျန်းမာရေးနှင့် ပညာရေးချို့တဲ့သူများဖြစ်သည်။ ဦးသိန်းစိန် အစိုးရကအ ဆိုပါရာခိုင်နှုန်းများမှ ၁၀ ရာခိုင်နှုန်းကို မိမိတို့အစိုးရလက်ထပ်အတွင်း လျှော့ချရန် ဆောင်ရွက်မည်ဟု ပြောဆိုထား သည်။

နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၏ ရည်ရွယ်သည့် ဦးတည်ချက်သည် စာနာသည့်သဘောနှင့် သာ ဆောင်ရွက်ခြင်းဖြစ်နိုင်ပြီး အမှန်တကယ်တွင် ဆင်းရဲမွဲတွေမှုပပျောက်နိုင်ရေးအတွက် မူဝါဒအရ ကူညီထောက်ပံ့ပေး နိုင်မည့် အရာမဟုတ်သလို ထိရောက်မှုလည်း ရှိနိုင်မည်မဟုတ် စီးပွားရေးပညာရှင် ဦးကျော်ဝင်းက သုံးသပ်သည်။

“သူတို့လစာတွေ လျှော့ယူမယ်ဆိုတာက သူတို့သက်တမ်းက ဘယ်လောက်ရှိလို့လဲ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တကယ် လုပ် ချင်တယ်ဆိုရင်လည်း နည်းလမ်းမှန်အောင် လုပ်သင့်တယ်။ အမှန်တကယ် ဆင်းရဲ နွမ်းပါးမှုကို လျှော့ဖို့ အထောက် အကူ အတွက်ကူညီချင်တယ်ဆိုရင်လည်း မဟာဗျူဟာတွေ သေချာချမှတ်ပြီးဆောင်ရွက် သင့်တယ်” ဟု ဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့တွင် သမ္မတ အပါအ၀င်အစိုးရအဖွဲ့ဝင်ပေါင်း ၉၉ ဦး အထိ ရှိကာ သမ္မတက တစ်လလျှင် ကျပ် သိန်း ၅၀၊ ၀န်ကြီးများက ကျပ်သိန်း ၃၀ နှင့် ဒုတိယ၀န်ကြီးများက ကျပ်သိန်း ၂၀ စီ ရရှိကြသဖြင့် လစာများ၏ ၂၅ ရာ ခိုင်နှုန်း (လစဉ် ၆၀၂ သိန်း ၅ သောင်း)ကို ဆင်းရဲသူ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖြစ် ရရှိမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment