address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, September 6, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်းတစ်ခု ၂ လအတွင်း အပြီးသတ်ရေးဆွဲမည်


6.9.2013

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းအသစ်တစ်ခုကို ၂ လအတွင်း အပြီးရေးဆွဲသွားမယ်လို့ လက်နက်ကိုင်တိုင်းရင်း သား ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပြည်တွင်းအခြေစိုက် ညီ ညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့က ထုတ်ဖေါ်ပြောဆိုပါတယ်။

ရေးဆွဲမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအသစ်အတွက် အဖွဲ့ခွဲ ၃ ခုဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်း UNFC က သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ထုတ်ပြန်ချက်အရ လာမယ့်နိုဝင်ဘာ လကုန်မှာ မူကြမ်းကိုအပြီးရေးဆွဲမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီမူကြမ်းဟာလွှတ်တော်က၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်တဲ့လုပ်ငန်းနဲ့အပြိုင်ဆောင်ရွက်နေတြာ ဖစ်ပေ မယ့် တချိန်မှာပူးပေါင်းဆောင်ရွက်မူတွေ လုပ်နိုင်မှာဖြစ်တယ်လို့ UNA အဖွဲ့က ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“လောလောဆယ်ကတော့ မျဉ်းပြိုင်သွားနေမှာပဲ၊ ဒါပေမယ့် တချိန်မှာတော့ဆုံရမှာပဲ၊ မဆုံလို့မရဘူး၊ ဒီမူကြမ်းပေါ် လာလို့ရှိရင် UNFC နဲ့ UNA အဖွဲ့ကြီးနှစ်ခုရဲ့ သဘောထားပဲဖြစ်မှာပဲ၊ တကယ်လို့ လွှတ်တော်ထဲကလုပ်တဲ့ဥစ္စာပေါ့နော်၊ သူတို့ဘယ်လိုပြင်မလဲ၊ မပြင်ဘူးလားစသဖြင့် သူတို့ဥစ္စာလည်း သူတို့ဟာတစ်ခုတည်းဖြစ်မှာပဲ၊ ဒီအထဲမှာမပါတဲ့ အဖွဲ့ အစည်းတွေ၊ တပ်ပေါင်းစုတွေမှာလည်း သူတို့လည်း သူတို့မူကြမ်းရှိမှာပဲ၊ ဒီမူကြမ်းတွေကိုကိုင်ပြီးတော့မှ နိုင်ငံရေးေ ဆွးနွေး ပွဲတွေမှာ စပြီးဆွေးနွေးရမှာပဲ၊ ကျနော်တို့က အဲလိုပဲမြင်တယ်”

UNFC အဆိုအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ပရောက်တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ လွန်ခဲ့ တဲ့ နှစ် ၂၀ အ တွင်း ရေးဆွဲထားတာဖြစ်ပြီး အခုဆောင်ရွက်တာဟာ ယခင်ရေးဆွဲထားတာတွေ ကို ပြန်လည်စု စည်ြး ခင်းသာဖြစ်တယ်လို့ ပြောဆိုပါတယ်။

UNFC အဖွဲ့ဟာ လက်နက်ကိုင်တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး UNA အဖွဲ့ကတော့ ပြည်တွင်းရှိ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်ရင်း ဒီမိုကရေစီအဖွဲ့ချုပ်တို့အပြင် ဇိုမီး၊ ကိုးကန်နဲ့ ကချင်နဲ့ ကရင် တိုင်းရင်းသားပါတီ၂ခုတို့ ပါဝင်တာဖြစ်ပါတယ်။

အခုလို မူကြမ်းသစ်ရေးဆွဲနိုင်ဖို့ ဖွဲ့စည်းထားတဲ့ကော်မတီမှာ ဒုတိယခေါင်းဆောင်တာဝန်ယူထားတဲ့ ဦးစိုင်းညွန့်လွင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmese

No comments:

Post a Comment